Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့စစ်​ခေါင်း​ဆောင်ပစ်ခတ်သုတ်သင်ခံရ​သောသတင်း Love Reactပေး၍ဆိုကာစစ်​ကောင်စီက ပြည်သူတစ်ဦးအားဖမ်းဆီး

အောင်မိုးသည် ဥက္ကံမြို့ ပြည်သူ့စစ်​ခေါင်​ဆောင် ၊ပျူ​စောထီး ဒုတိယ​ခေါင်း​ဆောင်ဖြစ်​ကြောင်း​သေချာစုံစမ်းအတည်ပြုပြီးမှပစ်ခတ်သုတ်သင်လိုက်ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဥက္ကံ)က သတင်ထုတ်ပြန်သည်။

(ဥက္ကံPDF ၏သတင်းထုတ်ပြန်ချက်)
(ဥက္ကံPDF ၏သတင်းထုတ်ပြန်ချက်)

ဥက္ကံမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်ကို သုတ်သင်ခဲ့သည့် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ လွတ်မြောက်နယ်မြေသို့ ရောက်ရှိကြောင်း သတင်းထုတ်ပြန်မှုအား love react ပေးသည့် မြို့ခံအမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်။

ယမန်နေ့ကဥက္ကံမြို့၊ ကင်းမတီးအလယ်ရွာမှ ပြည်သူ့စစ်ခေါင်းဆောင် အောင်မိုးအား ဥက္ကံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (ဥက္ကံPDF) ကပစ်ခတ်ရှင်းလင်းပြီးနောက် ရဲဘော်များ လုံခြုံဘေးကင်းရာသို့ရောက်ရှိပြီဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့ရာယင်း Post အား Aye Thin အကောင့်ပိုင်ရှင်မှ Love React ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်ကို Love React ​ပေး၍ဆိုကာဥက္ကံမြို့မင်းရဲကျော်စွာရပ်ကွက်၊သုဓမ္မာလမ်းတွင်နေထိုင်သော Aye Thin ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်အမျိုးသမီးအား အ ကြမ်းဖက်စစ်ကောင်စီတပ်မှ ယမန်နေ့(ဇွန် ၂၂)ည ၁၂ နာရီကျော်တွင် နေအိမ်သို့သွားရောက်ဖမ်းဆီးသွားကြောင်း ပြည်သူမှသတင်း ပေးပို့လာခြင်းဖြစ်သည်ဟု ဥက္ကံ PDF က ပြော သည်။

“မဆိုင်တဲ့ ပြည်သူတွေကို ဖမ်းစရာမှ မလိုတာ။ သူတို့(စစ်​ကောင်စီ)ဖိလို့ရတဲ့နယ်မြေမို့လို့ ပြည်သူတွေကို အကြောက်တရားထည့်နေတာ”ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဥက္ကံ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

အောင်မိုးသည် ဥက္ကံမြို့ ပြည်သူ့စစ်​ခေါင်​ဆောင် ၊ပျူ​စောထီး ဒုတိယ​ခေါင်း​ဆောင်ဖြစ်​ကြောင်း​သေချာစုံစမ်းအတည်ပြုပြီးမှပစ်ခတ်သုတ်သင်လိုက်ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဥက္ကံ)က သတင်ထုတ်ပြန်သည်။

ထိုအပြင် ဥက္ကံမြို့တွင် စစ်​ကောင်စီ​ထောက်တိုင်များကို ပိုမိုရှင်းလင်းသုတ်သင်​တော့မည်ဟု အထက်ပါတာဝန်ရှိသူက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။