Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်မှာ သီးခြားထိန်းသိမ်းထား

တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကသိရတာတော့ ဒီနေ့ရုံးချိန်းမှာ အမှုတွဲထဲပါဝင်သူ NLD စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနယ် ၊ NLD စီးပွားရေးဝန်ကြီး ဦးစိုးဝင်း ၊ ဒုဝန်ကြီးဦးဆက်အောင် ၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

နေပြည်တော်ထောင်
နေပြည်တော်ထောင်

ထောင်ဒဏ် ၁၁ နှစ်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားရာနေကနေ နေပြည်တော်အချုပ်ထောင်ဆီပို့ဆောင်ထားတယ်လို့ စစ်ကောင်စီဘက်က အတည်ပြုထုတ်ပြန်လာပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုဆိုင်ရာဥပဒေတွေအရ ထောင်ကို ပို့ခဲ့တာလို့ အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပါတယ်။

နေပြည်တော်အချုပ်ထောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို “သီးခြားကောင်းမွန်စွာ ထားရှိထားပါသည်” လို့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

သတင်းတွေအရ နေပြည်တော်အချုပ်ထောင်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ထားရှိဖို့ သီးခြားအဆောက်အဦး ၂ လုံးကို ဆောက်လုပ်ထားပြီးပြီလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည် ကိုတော့မနေ့က နေ့လယ်ပိုင်း ၂ နာရီလောက်မှာ နေပြည်တော်အချုပ်ထောင် ကိုပြောင်းရွှေ့ခဲ့တာလို့ NLD ပါတီအသိုင်းအဝိုင်းကနေသိထားရပါတယ်။

ထောင်ကိုပြောင်းရွှေ့လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့ စွဲဆိုထားတဲ့အမှုကို ဒီနေ့မှာ ထောင်တွင်းတရားရုံးမှာ ပထမဆုံး ရုံးထုတ်စစ်ဆေးလိုက်ပါတယ်။

တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကသိရတာတော့ ဒီနေ့ရုံးချိန်းမှာ အမှုတွဲထဲပါဝင်သူ NLD စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနယ် ၊ NLD စီးပွားရေးဝန်ကြီး ဦးစိုးဝင်း ၊ ဒုဝန်ကြီးဦးဆက်အောင် ၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။