Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်မှာ သီးခြားထိန်းသိမ်းထား

တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကသိရတာတော့ ဒီနေ့ရုံးချိန်းမှာ အမှုတွဲထဲပါဝင်သူ NLD စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနယ် ၊ NLD စီးပွားရေးဝန်ကြီး ဦးစိုးဝင်း ၊ ဒုဝန်ကြီးဦးဆက်အောင် ၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

နေပြည်တော်ထောင်
နေပြည်တော်ထောင်

ထောင်ဒဏ် ၁၁ နှစ်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားရာနေကနေ နေပြည်တော်အချုပ်ထောင်ဆီပို့ဆောင်ထားတယ်လို့ စစ်ကောင်စီဘက်က အတည်ပြုထုတ်ပြန်လာပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုဆိုင်ရာဥပဒေတွေအရ ထောင်ကို ပို့ခဲ့တာလို့ အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပါတယ်။

နေပြည်တော်အချုပ်ထောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို “သီးခြားကောင်းမွန်စွာ ထားရှိထားပါသည်” လို့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

သတင်းတွေအရ နေပြည်တော်အချုပ်ထောင်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ထားရှိဖို့ သီးခြားအဆောက်အဦး ၂ လုံးကို ဆောက်လုပ်ထားပြီးပြီလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည် ကိုတော့မနေ့က နေ့လယ်ပိုင်း ၂ နာရီလောက်မှာ နေပြည်တော်အချုပ်ထောင် ကိုပြောင်းရွှေ့ခဲ့တာလို့ NLD ပါတီအသိုင်းအဝိုင်းကနေသိထားရပါတယ်။

ထောင်ကိုပြောင်းရွှေ့လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့ စွဲဆိုထားတဲ့အမှုကို ဒီနေ့မှာ ထောင်တွင်းတရားရုံးမှာ ပထမဆုံး ရုံးထုတ်စစ်ဆေးလိုက်ပါတယ်။

တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကသိရတာတော့ ဒီနေ့ရုံးချိန်းမှာ အမှုတွဲထဲပါဝင်သူ NLD စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနယ် ၊ NLD စီးပွားရေးဝန်ကြီး ဦးစိုးဝင်း ၊ ဒုဝန်ကြီးဦးဆက်အောင် ၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ တပ်ခွဲနှစ်ခုက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု MODက အသိပေးသည်။

သတင်း

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စောမူတူးစေးဖိုး ကို ကရင်တိုင်းရင်းသားခေါင်းဆောင်လို့ သုံးနှုန်းထားပြီး ငြိမ်းရေးရေးကိစ္စရပ်တွေ ဆွေးနွေးတယ်လို့ဖော်ပြတာတွေ့ရပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ