Connect with us

Hi, what are you looking for?

သတင်း

လက်ပန်း​တောင်း​ကြေးနီစီမံကိန်းတိုက်ခိုက်မှုတွင်စစ်​ကောင်စီတပ်သား၅ဦးထက်မနည်း​ထိခိုက်ဒဏ်ရာရရှိ​ကြောင်းအမိ​မြေ​တော်လှန်​ရေးအဖွဲ့​ပြော

“အတွင်းဆေးရုံထဲမှာ ကုသပေးနေတယ်ဆိုတာပဲ ကြားရပြီး သေဆုံးမှုကို မသိရပါဘူး။လုံခြုံရေးတွေ ပိုချထားတယ်လို့လဲ သိရတယ်”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက People’s Spring သို့​ပြောသည်။

(ဇွန်လ၂၂ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်းရှိစစ်​ကောင်စီတပ်အား ဒေသတွင်းPDFများက လက်လုပ်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေစဥ်)
(ဇွန်လ၂၂ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်းရှိစစ်​ကောင်စီတပ်အား ဒေသတွင်းPDFများက လက်လုပ်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေစဥ်)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်း)ကင်းငယ်စခန်း တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သားငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီးအတွင်း၌​ဆေးကုသ​နေကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၂ရက်၊ ည (၉)နာရီခန့်က ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ ကင်းငယ်စခန်းတစ်ခုအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားငါးဦးခန့် ကုမ္ပဏီအတွင်းဆေးရုံတွင် ကုသမှုခံနေရကြောင်းသတင်းအား ဖုံးကွယ်ထားကြောင်း အတွင်းလူမှ သတင်းပို့သည်ဟုအမိမြေတော်လှန်ရေးတပ်ဖွဲ့က ယမန်​နေ့ညတွင်အသိပေးသည်။

“အတွင်းဆေးရုံထဲမှာ ကုသပေးနေတယ်ဆိုတာပဲ ကြားရပြီး သေဆုံးမှုကို မသိရပါဘူး။လုံခြုံရေးတွေ ပိုချထားတယ်လို့လဲ သိရတယ်”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက People’s Spring သို့​ပြောသည်။

ကင်းငယ်စခန်းအားတိုက်ခိုက်မှုတွင်စစ်​ကောင်စီတပ်သား ၅ ဦးခန့်ရှိ​​သော်လည်း​သေနတ် ၆ ချက်သာ ပြန်ပစ်နိုင်​​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်)လုပ်ငန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီးဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းများနှုတ်ထွက်ကြရန် အမိမြေတော်လှန် ရေးတပ်ဖွဲ့က သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်ကုမ္ပဏီ)ကို အခြေပြုပြီး အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ ပစ္စည်းဥစ္စာများအားလုယက်ခိုးယူခြင်း၊ဖျက်ဆီးခြင်းများပြုလုပ်နေ​သည်။

ဝမ်ပေါင်ကုမ္ပဏီအခြေစိုက်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုဇွန်လ ၂၂ရက်ညနေ၆နာရီခွဲခန့်ကအမိမြေ‌တော်လှန်ရေးတပ်ဖွဲ့နှင့်အတူ Young People Force (YPF ) ၊ Regional Friend Fighters (RFF) နှင့် ချိုမိုင်မိုင်တပ်ဖွဲ့တို့ ပူးပေါင်းပြီး လက်လုပ်ရှော့ဒုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့ကအသိပေးသည်။

စစ်ကောင်စီတပ်သည် ဖမ်းဆီးလူသတ်အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများကြောင့် ဝမ်ပေါင်​ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာ ခြောက်ရွာမှဒေသခံပြည်သူ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရသည်။

အကြမ်းဖက်စစ်တပ်သည်ဇွန်လ ၂၁ရက်က ဆားလင်းကြီးမြို့နယ်၊ မြန်မာ – ဝမ်ပေါင်ကုမ္ပဏီအနီးရှိ မိုးကြိုပြင်မြောက်ရွာအား ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပြည်သူနှစ်ဦးကိုလည်းလည်လှီးလက်ဖြတ်ကာမီးရှို့သတ်ဖြတ်သွားကြောင်း SBTFအဖွဲ့က ထုတ်ပြန်ထားသည်။ ထို​ကြောင့်ဒေသခံ PDFများကလက်တုံ့ပြန်တိုက်ခိုက်​နေခြင်း ဖြစ်​ကြောင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။