Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့နယ်တွင် KIA/PDF ပူးပေါင်းတပ်ကတိုက်ခိုက်၍စစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရမှုများ

စစ်ကိုင်းတိုင်း အင်းတော် – ဗန်းမောက် ကားလမ်းကို ယနေ့ (ဇွန်လ၂၄ရက် )နံနက်မှ ဇွန်လ ၂၅ရက် နံနက် ၆နာရီအထိ သုံးဘီး၊ ဆိုင်ကယ်၊ ကား စသည့် မည်သည့် ယာဉ်မှဖြတ်သန်းခြင်းမပြုရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အရေးပေါ် ထုတ်ပြန်ကြေညာထားသည်။

အင်း​တော် PDF တပ်ဖွဲ့ဝင်များ
အင်း​တော် PDF တပ်ဖွဲ့ဝင်များ

●မျက်မြင်​တွေရှိရ​သော စစ်​သားအ​လောင်း၃၀ခန့်ရှိပြီး ဒဏ်ရာရသူများပြားဟုPDF တစ်ဦးပြော၊ Banmauk Revolutionက စစ်​သား၆၁ ဦး​သေဟု​ဖော်ပြ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင်ယမန်နေ့(ဇွန် ၂၃)ကစစ်ကောင်စီတပ်ကို ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) နှင့် ပြည်သူ့ကာကွယ်​ရေးတပ်တို့ကပူး​ပေါင်းတိုက်ခိုက်ရာ စစ်​ကောင်စီတပ်သေဆုံး၊ဒဏ်ရာရရှိမှုများပြား​ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောသည်။

ဇွန်လ ၂၃ရက်က ဗန်းမောက်မြို့နယ်မင်းကုန်းရွာနှင့် ရွာသာယာ ကြား တွင် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကသာခရိုင် တပ်ရင်းများဖြစ်သည့် ဗန်းမောက် ပြည်သူ့ကာကွယ်ရေးတပ်(ဗန်း​​မောက်-PDF)၊ အင်းတော်ပြည်သူ့ကာကွယ်​ရေးတပ်(အင်း​တော်- PDF) တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကသာ PDF တပ်ဖွဲ့ဝင်များ
ကသာ PDF တပ်ဖွဲ့ဝင်များ

“ရန်သူ(စစ်ကောင်စီတပ်)တပ်က အင်အား ဘယ်လောက်နဲ့ ဆင်းလာတယ်ဆိုကို သတင်း အတိအကျ ရတာနဲ့ ဗျူဟာကောင်းကောင်းချပြီး နှစ်ဖွဲ့ ညှပ်တိုက်တာ။သေတာကမျက်မြင် အရ ၃၀ လောက်ရှိတယ်။ဒဏ်ရာရတဲ့သူက ပိုများတယ်။သူတို့ (စစ်​ကောင်စီတပ်)ဘက် အကျ များတော့ မနေ့က လက်နက်ကြီး ကြီးပဲ အလုံး ၅၀ ကျော်လောက်သုံးတယ်။ကျွန်တော်တို့လက်နက်ကောက်ဖို့မစောင့်တော့ဘဲအန္တရာယ်ကင်းအောင်ပဲဆုတ်လိုက်တယ်”ဟု အင်းတော် PDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ၆၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ အလောင်းများပင် မကောက်နိုင်ဘဲထွက်ပြေးသွား၍ ဒေသကာကွယ်ရေး တပ်များက သင်္ဂြိုလ်ပေးခဲ့ရကြောင်းဗန်း​​မောက်​​ဒေသတွင်း စစ်​ရေးသတင်းများ​ဖော်ပြ​ပေး​နေ​သော Banmauk Revolution ကဖော်ပြထားသည်။ သို့ရာတွင် လက်နက်ခဲယမ်း ရရှိမှုနှင့် တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်သည့် ဓာတ်ပုံများ ထုတ်ပြန်ဖော်ပြခြင်းမပြုသေးပေ။ အဆိုပါ တိုက်ပွဲ၌ PDF ရဲဘော် ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ သို့​သော်People’s Spring ကစစ်​ကောင်စီတပ်​သေဆုံးမှုအ​ရေအတွက်ကိုသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

KIA တက်ဖွဲ့ဝင်များ
KIA တက်ဖွဲ့ဝင်များ

စစ်ကိုင်းတိုင်း ဒေသခံတစ်ဦးက ဗန်းမောက်တိုက်ပွဲဖြစ်စဉ် အသေးစိတ်မသိရသေးသော်လည်း အင်းတော် – ဗန်းမောက်လမ်းပိတ်ထားကြောင်း ကြေညာထား၍ စစ်ရေးအခြေအနေ ပြင်းထန်သည့် သဘောရှိကြောင်း ပြောသည်။

“အင်းတော်နဲ့ ဗန်းမောက်ကြားကိုတော့ လမ်းပိတ်ထားတယ်ကြားတယ်။ ပြင်းထန်တဲ့ သဘောတော့ရှိတယ်။နောက်ဆက်တွဲသတင်းတော့မသိရသေးဘူး” ဟု ၎င်းက​ပြောသည်။

ဗန်း​မောက်မြို့တည်​နေရာပြ Google Map
ဗန်း​မောက်မြို့တည်​နေရာပြ Google Map

ရွာသာယာအနီးတွင် လွန်ခဲ့​သောတစ်ပါတ်ခန့်မှစ၍ တိုက်ပွဲ ဖြစ်ပွား​နေပြီး လမ်းများပိတ်ထားကာ မည်သူမျှ မသွားရဲသဖြင့် တိုက်ပွဲအ​ခြေအ​နေကိုမူ မသိ​ကြောင်းဗန်း​မောက်မြို့မှ အခြား​ဒေသခံတစ်ဦးကလည်း​ပြောသည်။

စစ်ကိုင်းတိုင်း အင်းတော် – ဗန်းမောက် ကားလမ်းကို ယနေ့ (ဇွန်လ၂၄ရက် )နံနက်မှ ဇွန်လ ၂၅ရက် နံနက် ၆နာရီအထိ သုံးဘီး၊ ဆိုင်ကယ်၊ ကား စသည့် မည်သည့် ယာဉ်မှဖြတ်သန်းခြင်းမပြုရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အရေးပေါ် ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။