Connect with us

Hi, what are you looking for?

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းသို့သွယ်တန်းထားသည့် ပင်မဓာတ်အားလိုင်းကို ဖြိုချဖျက်ဆီး

အကြမ်းဖက်စစ်တပ်နှင့်ဆက်လက်ပူးပေါင်းနေမည်ဆိုပါက တော်လှန်ရေးအင်အားစုများပူးပေါင်းကာ ဆက်လက်တိုက်ခိုက်သွားမည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတိပေးသည်။

ဝမ်ပေါင်ကြေးနီစီမံကိန်းသို့သွယ်တန်းထားသည့် ပင်မဓာတ်အားလိုင်းကို ဖြိုချဖျက်ဆီး
ဝမ်ပေါင်ကြေးနီစီမံကိန်းသို့သွယ်တန်းထားသည့် ပင်မဓာတ်အားလိုင်းကို ဖြိုချဖျက်ဆီး

●​ကြေးနီစီမံကိန်းမီးပျက် စက်ရုံမလည်ပါတ်နိုင်​တော့ဟု အမိ​မြေ​တော်လှန်​ရေးအဖွဲ့​ပြော

လက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်းသို့သွယ်တန်းထားသည့် ပင်မဓာတ်အားလိုင်းကို ဖောက်ခွဲ ဖြိုချခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ယနေ့ (ဇွန် ၂၅ ရက်) ထုတ်ပြန်သည်။

အဆိုပါ ပင်မဓာတ်အားလိုင်းတိုင်ကို ယမန်နေ့ ည ၁၀ နာရီခွဲခန့်က Young People Force နှင့်ပူးပေါင်း၍ ဖျက်ဆီးဖြိုချခဲ့ခြင်းဟု ဆိုသည်။

“ဝမ်​ပေါင်ထဲလျှပ်စစ်မီး ပြတ်သွားတယ်။ စက်ရုံတွေမလည်ပတ်နိုင်တော့ဘူး။ စစ်အာဏာရှင်ကို အင်တိုက်အားတိုက် ဆက်လက်တော်လှန်ဖို့ အမိမြေတပ်ဖွဲ့အနေနဲ့ လက်နက်ခဲယမ်းများလိုအပ်နေတယ်။”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း ၊ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးဓာတ်အားခွဲရုံမှ ဝမ်ပေါင်ကုမ္ပသို့ သွားသည့် ဓာတ်အားလိုင်းကို ဖြိုချခဲ့ခြင်းမှာ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီး၊သတ်ဖြတ်၍ ပစ္စည်းများခိုးယူနေသော အကြမ်းဖက်စစ်တပ်ကို ရိက္ခာထောက်ပံ့ခြင်း၊လက်ခံထားရှိခြင်း နှင့် အားပေးအားမြှောက်ပြုနေခြင်းကြောင့်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်နှင့်ဆက်လက်ပူးပေါင်းနေမည်ဆိုပါက တော်လှန်ရေးအင်အားစုများပူးပေါင်းကာ ဆက်လက်တိုက်ခိုက်သွားမည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတိပေးသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့်လည်း အကြမ်းဖက်စစ်တပ်ပေါ်ထားရှိသည့် မူဝါဒကို ပြန်လည်သုံးသပ်သင့်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် လက်တွဲ၍ ဖက်ဒရယ်ဒီမို ကရေစီအမြန်ဆုံးပေါ်ပေါက်အောင် ကူညီနိုင်သည့် မူဝါဒနှင့် ဆက်ဆံရေးများထားရှိရန် ထုတ်ပြန်ချက်၌ တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်အတွက် လစဥ်ဒေါ်လာသန်းနဲ့ချီရှာပေးနေတဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေနဲ့ စစ်ကောင်စီထောက်တိုင် ကုမ္ပဏီတွေကို ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဆောင်မယ်လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။

သတင်း

တနသ်ာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူအချို့ကိုပါ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People's Spring ကို ပြောပါတယ်။

သတင်း

ပဲခူးရိုးမဖြတ်လမ်းတစ်ခုဖြစ်သော မြို့ချောင်း-စိန်ကန့်လန့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဘူဒို ဇာများဖြင့်ထိုးကာ ရိုးမအတက်အဆင်းနှစ်နေရာတွင် ဖြတ်တောက်ထားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

သတင်း

ထိုင်းဖက်က ဓာတ်အားလိုင်းတွေနဲ့ ဆက်သွယ်ရေး လိုင်းတွေကို​သောင်ရင်း မြစ်ကိုဖြစ်ပြီ တရားမဝင် ခိုးချိတ်ပြီး မြန်မာဖက်ကို သွယ်တန်းဖို့ ကြိုးစားခဲ့သူ တစ်ဦးကို ထိုင်းရဲတွေက နယ်စပ်မှာ ဖမ်းဆီးခဲ့ပါတယ်။