Connect with us

Hi, what are you looking for?

သတင်း

စိုးမိုးထိန်းချုပ်နယ်မြေများ၌ NUG အစိုးရလုပ်ဆောင်နေမှုများကို ကန်နိုင်ငံခြားရေးအတိုင်ပင်ခံအား ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ရှင်းပြ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကိုယ်တိုင်လည်း မကြာသေးမီက စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက် ပွဲမဖြစ်နိုင်ကြောင်း ပြောကြားထားသည်။

စိုးမိုးထိန်းချုပ်နယ်မြေများ၌ NUG အစိုးရလုပ်ဆောင်နေမှုများကို ကန်နိုင်ငံခြား ရေးအတိုင်ပင်ခံအား ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ရှင်းပြ

စိုးမိုးထိန်းချုပ်နယ်မြေများ၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ဆောင်နေမှုများကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကို ပြောကြားသည်။

​NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းသည် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကို ဇွန်လ ၂၃ ရက်တွင် လက်ခံတွေ့ဆုံစဉ် ယင်းသို့ ထည့်သွင်း ပြောကြားကြောင်း ဝန်ကြီးချုပ်ရုံးသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများကို ဆွေးနွေးစဉ် NUG သည် အစိုးရတရပ်အနေဖြင့် စိုးမိုးထိန်းချုပ်နယ်မြေများ၌ ပအဖ(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)၊ ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ ပလဖ (ပြည်သူ့လုံခြုံရေးအဖွဲ့)များ ဖွဲ့စည်းလုပ်ဆောင်နေမှု၊ ပညာရေးပိုင်းတွင် စာသင်ကျောင်းများဖွင့်လှစ်ထားမှု၊ ကျန်းမာရေးကဏ္ဍ၌ ယာယီဆေးရုံများ ဆောက်လုပ်ကာ စီမံဆောင်ရွက်နေမှုများကို ဝန်ကြီးချုပ်က ထည့်သွင်းဆွေးနွေးသည်။

ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို နယ်စပ်ဖြတ်ကျော်ရေးနည်းလမ်းဖြင့် NUG ၊ CRPH ၊ EAO ၊ PDF စသည့် တော်လှန်ရေးအင်အားများဖြင့် တိုက်ရိုက်ချိတ်ဆက်ကူညီပေးရန် မန်းဝင်းခိုင်သန်းက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် No Fly Zone (လေယာဉ်မပျံသန်းရနယ်မြေ)သတ်မှတ်ရန်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ထည့်သွင်းဆွေးနွေးသည်။

ယင်းနောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပယ်ဖျက်ထားသည့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို လုပ်ပိုင်ခွင့်မရှိဘဲ ပြည်သူလူထုကလည်း စစ်ကောင်စီ၏ အယောင်ပြ ရွေးကောက်ပွဲကို လက်မခံသည့် အခြေအနေကိုလည်း ရှင်းပြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကိုယ်တိုင်လည်း မကြာသေးမီက စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက် ပွဲမဖြစ်နိုင်ကြောင်း ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။