Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စိုးမိုးထိန်းချုပ်နယ်မြေများ၌ NUG အစိုးရလုပ်ဆောင်နေမှုများကို ကန်နိုင်ငံခြားရေးအတိုင်ပင်ခံအား ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ရှင်းပြ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကိုယ်တိုင်လည်း မကြာသေးမီက စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက် ပွဲမဖြစ်နိုင်ကြောင်း ပြောကြားထားသည်။

စိုးမိုးထိန်းချုပ်နယ်မြေများ၌ NUG အစိုးရလုပ်ဆောင်နေမှုများကို ကန်နိုင်ငံခြား ရေးအတိုင်ပင်ခံအား ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ရှင်းပြ

စိုးမိုးထိန်းချုပ်နယ်မြေများ၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ဆောင်နေမှုများကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကို ပြောကြားသည်။

​NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းသည် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကို ဇွန်လ ၂၃ ရက်တွင် လက်ခံတွေ့ဆုံစဉ် ယင်းသို့ ထည့်သွင်း ပြောကြားကြောင်း ဝန်ကြီးချုပ်ရုံးသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများကို ဆွေးနွေးစဉ် NUG သည် အစိုးရတရပ်အနေဖြင့် စိုးမိုးထိန်းချုပ်နယ်မြေများ၌ ပအဖ(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)၊ ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ ပလဖ (ပြည်သူ့လုံခြုံရေးအဖွဲ့)များ ဖွဲ့စည်းလုပ်ဆောင်နေမှု၊ ပညာရေးပိုင်းတွင် စာသင်ကျောင်းများဖွင့်လှစ်ထားမှု၊ ကျန်းမာရေးကဏ္ဍ၌ ယာယီဆေးရုံများ ဆောက်လုပ်ကာ စီမံဆောင်ရွက်နေမှုများကို ဝန်ကြီးချုပ်က ထည့်သွင်းဆွေးနွေးသည်။

ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို နယ်စပ်ဖြတ်ကျော်ရေးနည်းလမ်းဖြင့် NUG ၊ CRPH ၊ EAO ၊ PDF စသည့် တော်လှန်ရေးအင်အားများဖြင့် တိုက်ရိုက်ချိတ်ဆက်ကူညီပေးရန် မန်းဝင်းခိုင်သန်းက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် No Fly Zone (လေယာဉ်မပျံသန်းရနယ်မြေ)သတ်မှတ်ရန်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ထည့်သွင်းဆွေးနွေးသည်။

ယင်းနောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပယ်ဖျက်ထားသည့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို လုပ်ပိုင်ခွင့်မရှိဘဲ ပြည်သူလူထုကလည်း စစ်ကောင်စီ၏ အယောင်ပြ ရွေးကောက်ပွဲကို လက်မခံသည့် အခြေအနေကိုလည်း ရှင်းပြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကိုယ်တိုင်လည်း မကြာသေးမီက စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက် ပွဲမဖြစ်နိုင်ကြောင်း ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။