Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်အထိနာခဲ့​​သောဗန်း​မောက်တိုက်ပွဲမှအ​လောင်းများကို​စစ်တပ်ကဒေသခံအချို့ ​ခေါ်ယူ၍သဂြိုဟ်

သေဆုံးစစ်သားရုပ်အလောင်းများကို စစ်ကောင်စီဘက်မှ ဇွန် ၂၃ ရက်ညပိုင်းတွင် ပတ်ဝန်းကျင်ကိုလက် နက်ကြီးဖြင့်ရမ်းထုပြီး အလောင်းသွားကောက်ကာ ဒေသခံပြည်သူတစ်ချို့ကိုခေါ်ပြီး သဂြိုလ်လိုက်ကြောင်း အင်းတော်တော်လှန်ရေးအင်အားစု(IR)ကယ​နေ့ (ဇွန် ၂၅)တွင်ထုတ်ပြန်သည်။

KIA တပ်ဖွဲ့ဝင်များ
KIA တပ်ဖွဲ့ဝင်များ

ဗန်း​မောက်မြို့နယ်တွင် စစ်​ကောင်စီတပ်ကို ကချင်လွတ်လပ်​ရေးတပ်မ​​တော်(KIA)နှင့် ကသာခရိုင် တပ်ရင်းများဖြစ်သည့် ဗန်း​​မောက်-PDF ၊အင်း​တော်- PDFတို့ကစစ်​ကောင်စီတပ်အားဇွန် ၂၃ ရက်တွင်တိုက်ခိုက်ခဲ့ရာ ​သေဆုံးခဲ့​​သောစစ်သားအ​လောင်းများကို​ဒေသခံပြည်သူအချို့ ​ခေါ်ယူ၍ သဂြိုဟ်သွား​ကြောင်းအင်းတော်တော်လှန်ရေးအင်အားစု(IR)က ထုတ်ပြန်သည်။

ဇွန် ၂၃ ရက်နေ့ညနေ ၅ နာရီခန့်က မော်တိတ်ဒေသ မံထုံ၊ တောင်ကြီးဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှ အင်အား ၁၅၀ ခန့်ကို KIA + ကသာခရိုင်တပ်ရင်း(၂) ဖြစ်​သော အင်း​တော်နှင့် ဗန်း​မောက်PDFမျာကနှစ်ဖက်ညှပ် တိုက်ခိုက်ခဲ့ရာ ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီတပ်သား အနည်းဆုံး ၃၀ ခန့်​သေဆုံးခဲ့​ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

PDFကသာခရိုင်တပ်ရင်း(၂ )​အောက်ရှိအင်း​​တော်PDF တက်ဖွဲ့ဝင်များ
PDFကသာခရိုင်တပ်ရင်း(၂ )​အောက်ရှိအင်း​​တော်PDF တက်ဖွဲ့ဝင်များ

“စခတွေတော့ အကျဆုံးများတယ်။ ပထမရေထားတာ ၂၆ ယောက်အတိအကျပါ။ နောက် ကျတဲ့ဟာတော့ မသိရတော့ဘူး။အနည်းဆုံး၃၀လောက်တော့ရှိမယ်ဗျ။ကျည်မလောက်
လို့နောက်ဆုတ်ခဲ့ရတာ”ဟုအင်းတော်တော်လှန်ရေးအင်အားစု(IR)မှ ရဲဘော်တစ်ဦးကပြောသည်။

“ရန်သူ(စစ်ကောင်စီတပ်)တပ်က အင်အား ဘယ်လောက်နဲ့ ဆင်းလာတယ်ဆိုကို သတင်း အတိအကျ ရတာနဲ့ ဗျူဟာကောင်းကောင်းချပြီး နှစ်ဖွဲ့ ညှပ်တိုက်တာ။သေတာကမျက်မြင် အရ ၃၀ လောက်ရှိတယ်။ဒဏ်ရာရတဲ့သူက ပိုများတယ်။သူတို့ (စစ်​ကောင်စီတပ်)ဘက် အကျ များတော့ မနေ့က လက်နက်ကြီး ကြီးပဲ အလုံး ၅၀ ကျော်လောက်သုံးတယ်။ကျွန်တော်တို့လက်နက်ကောက်ဖို့မစောင့်တော့ဘဲအန္တရာယ်ကင်းအောင်ပဲဆုတ်လိုက်တယ်”ဟု အင်းတော် PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်းPeople’s Spring သို့ ဇွန် ၂၄ ရက်တွင်ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးစစ်သားရုပ်အလောင်းများကို စစ်ကောင်စီဘက်မှ ဇွန် ၂၃ ရက်ညပိုင်းတွင် ပတ်ဝန်းကျင်ကိုလက် နက်ကြီးဖြင့်ရမ်းထုပြီး အလောင်းသွားကောက်ကာ ဒေသခံပြည်သူတစ်ချို့ကိုခေါ်ပြီး သဂြိုလ်လိုက်ကြောင်း အင်းတော်တော်လှန်ရေးအင်အားစု(IR)ကယ​နေ့ (ဇွန် ၂၅)တွင်ထုတ်ပြန်သည်။

PDFကသာခရိုင်တပ်ရင်း(၂ )​အောက်ရှိ ကသာPDFတပ်ဖွဲ့ဝင်များ
PDFကသာခရိုင်တပ်ရင်း(၂ )​အောက်ရှိ ကသာPDFတပ်ဖွဲ့ဝင်များ

ထိုတိုက်ပွဲတွင် KIA + ရင်း (၂)ကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ စစ်ကောင်စီတပ်ကပစ်ခတ်သည့်လက်နက်ကြီးထိပြီး ရဲဘော်နှစ်ဦးဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်း အသိပေးသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်တစ်ရက် ဇွန် ၂၄ တွင် စစ်ကောင်စီတပ်မှ မင်းကုန်းရွာထဲဝင်မွှေကာ အိမ်များကိုဖျက်စီးသွားပြီး စျေးဆိုင်များမှပစ္စည်းများ၊ နေအိမ်များရှိ ပစ္စည်းများကို အိတ်များဖြင့် ထည့်ယူသွားကြသည်ဟု ဆိုသည်။

မြို့နယ်တွင်း ထိတွေ့တိုက်ပွဲသတင်းများကို အချိန်မီမထုတ်ပြန်နိုင်ဘဲ ယခုကဲ့သို့နောက်ကျမှ ထုတ်ပြန်ရခြင်းမှာ မြို့နယ်တွင်းရှိဒေသခံပြည်သူများ၊ တော်လှန်ရေးရဲဘော်များ ဘေးကင်းလုံခြုံမှုရှိသည့် အ​ခေနေရောက်မှ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း IR က အသိပေးထားသည်။

တိုက်ပွဲဖြစ်ပြီး​​နောက်အင်းတော် – ဗန်းမောက် ကားလမ်းကို ဇွန်လ၂၄ရက်နံနက်မှ ဇွန်လ ၂၅ရက် နံနက် ၆နာရီအထိ သုံးဘီး၊ ဆိုင်ကယ်၊ ကား စသည့် မည်သည့် ယာဉ်မှဖြတ်သန်းခြင်းမပြုရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အရေးပေါ် ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။