Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် ငါးယောက်တစ်စုဖြင့် ခြေလျင်လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်

ဇွန်လ ၂၃ရက်ကလည်း ခင်ဦးမြို့နယ် ဗအိုးကျေးရွာကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်လာသည့် စစ်ကောင်စီတပ်မှ ယာဥ်နှစ်စီးကို ပဒေသာမိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးသေ ဆုံးကြောင်း Royal Tiger Guerrilla Force က ထုတ်ပြန်ထားသည်။

(ဇွန်လ၂၂ရက်က တိုက်ခိုက်ခံခဲ့ရသော အကြမ်းဖက်စစ်အုပ်စု၏ ယာဥ်တစ်စီးအား တွေ့ရစဥ်။)
(ဇွန်လ၂၂ရက်က တိုက်ခိုက်ခံခဲ့ရသော အကြမ်းဖက်စစ်အုပ်စု၏ ယာဥ်တစ်စီးအား တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ငါးယောက်တစ်စုဖြင့် ခြေလျင်တက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Khin U Support Organization-KSOအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်လ၂၇ရက်) နံနက်ပိုင်းက ရေဦးမြို့ဘက်မှ ခြေလျင်တက်လာသော စစ်ကောင်စီတပ်များအား မူးမြစ်ကူးတံတား အရှေ့ဘက်၊ ခင်ဦးနယ် အင်းပတ်ကွေ့အနောက်ဘက် ဖရုံယိုစက်အနီး၌ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KSO၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရှေ့ထွက်မိုင်း၂လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အထိအခိုက်အသေအပျောက်ရှိပြီး ရေဦးမြို့ဘက်သို့ စစ်ကောင်စီတပ်သား ၂၀ခန့်ပြန်ဆုတ်သွားကြောင်း KSO က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ခန့်မှန်းအင်အား ၃၀ခန့်ဖြင့် ငါးယောက်တစ်စုစီ ခြေလျင်ခွဲလာခဲ့ခြင်းဖြစ်ပြီး ထိထိမိမိ ဖောက်ခွဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း KSOက ဆိုသည်။

Public Service Announcement

Public Service Announcement

“လောလောဆယ်တော့ ဘယ်ရွာမှ စစ်ကြောင်းထိုးတာ မရှိသေးပါဘူး။ ခင်ဦး-ရေဦး လမ်းပိုင်းတော့ အသွားအပြန်လုပ်နေကြတယ်။”ဟု KSOမှ တာဝန်ရှိသူက ပြောသည်။

ဇွန်လ ၂၃ရက်ကလည်း ခင်ဦးမြို့နယ် ဗအိုးကျေးရွာကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်လာသည့် စစ်ကောင်စီတပ်မှ ယာဥ်နှစ်စီးကို ပဒေသာမိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးသေ ဆုံးကြောင်း Royal Tiger Guerrilla Force က ထုတ်ပြန်ထားသည်။

ဇွန်လ ၂၂ရက်ကလည်း ခင်ဦးမြို့နယ်၊ ကံသစ်ရွာ အနောက်ဘက် မူးချောင်းတံတားအနီးစစ်ကောင်စီတပ်မှ ၁၄ဦးသေဆုံးခဲ့သည့် တိုက်ပွဲကြောင့် အထိနာနေသော စစ်တပ်က ခင်ဦးမြို့နယ်တွင် အင်အားများတိုးချဲ့၍ စစ်ကြောင်းထိုးပြီး ပြည်သူများကိုအကြမ်းဖက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။