Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်များ ချင်းဘက်တက်သွား၍ ကလေး-ဖလမ်း လမ်းပိုင်းဖြတ်သန်းသွားလာခြင်းမပြုရန် CNDF အရေးပေါ် အသိပေး

ပြီးခဲ့သည့် မေလ အတွင်းကလည်း ဖလမ်းမှ ကလေးမြို့သို့ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို CNDF အပါအဝင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲများဖြစ်ခဲ့သည်။

(ပြီးခဲ့သည့် ​မေလအတွင်းက ချင်းပြည်နယ်သို့လာ​သော စစ်​ကောင်စီတပ်ယာဥ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး​​နောက် ​တွေ့ရစဥ်၊ ဓာတ်ပုံ - CNDF)
(ပြီးခဲ့သည့် ​မေလအတွင်းက ချင်းပြည်နယ်သို့လာ​သော စစ်​ကောင်စီတပ်ယာဥ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး​​နောက် ​တွေ့ရစဥ်၊ ဓာတ်ပုံ - CNDF)

အကြမ်းဖက်စစ်ကောင်စီတပ်များ ချင်းပြည်နယ်ဘက်သို့ တက်သွား၍ ကလေး – ဖလမ်း လမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်းလုံး၀ မပြုလုပ်ရန် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အရေးပေါ် သတိပေးချက် ထုတ်ပြန်သည်။

ဇွန်လ ၂၇ရက်တွင် စစ်ကောင်စီတပ်များသည် ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ တက်သွားကြောင်း CNO/CNDFက ယနေ့ မွန်းလွဲပိုင်း၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

CNDFသည် ကလေးမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် မေလ အတွင်းကလည်း ဖလမ်းမှ ကလေးမြို့သို့ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို CNDF အပါအဝင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲများဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ ချင်းပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ပြီးချင်းတပ်ဖွဲ့မှ ရဲဘော်အချို့လည်းကျဆုံးထိခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။