Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်များ ချင်းဘက်တက်သွား၍ ကလေး-ဖလမ်း လမ်းပိုင်းဖြတ်သန်းသွားလာခြင်းမပြုရန် CNDF အရေးပေါ် အသိပေး

ပြီးခဲ့သည့် မေလ အတွင်းကလည်း ဖလမ်းမှ ကလေးမြို့သို့ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို CNDF အပါအဝင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲများဖြစ်ခဲ့သည်။

(ပြီးခဲ့သည့် ​မေလအတွင်းက ချင်းပြည်နယ်သို့လာ​သော စစ်​ကောင်စီတပ်ယာဥ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး​​နောက် ​တွေ့ရစဥ်၊ ဓာတ်ပုံ - CNDF)
(ပြီးခဲ့သည့် ​မေလအတွင်းက ချင်းပြည်နယ်သို့လာ​သော စစ်​ကောင်စီတပ်ယာဥ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး​​နောက် ​တွေ့ရစဥ်၊ ဓာတ်ပုံ - CNDF)

အကြမ်းဖက်စစ်ကောင်စီတပ်များ ချင်းပြည်နယ်ဘက်သို့ တက်သွား၍ ကလေး – ဖလမ်း လမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်းလုံး၀ မပြုလုပ်ရန် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အရေးပေါ် သတိပေးချက် ထုတ်ပြန်သည်။

ဇွန်လ ၂၇ရက်တွင် စစ်ကောင်စီတပ်များသည် ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ တက်သွားကြောင်း CNO/CNDFက ယနေ့ မွန်းလွဲပိုင်း၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

CNDFသည် ကလေးမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် မေလ အတွင်းကလည်း ဖလမ်းမှ ကလေးမြို့သို့ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို CNDF အပါအဝင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲများဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ ချင်းပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ပြီးချင်းတပ်ဖွဲ့မှ ရဲဘော်အချို့လည်းကျဆုံးထိခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။