Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးခြွင်းချက်မရှိလွတ်မြောက်ရေး နိုင်ငံတကာကို NLD အကူအညီတောင်း

မတရားသည့်ဥပဒေများကို ရင်ဆိုင်နေရသော အသက် (၇၇)နှစ်အရွယ် နိုင်ငံ့ခေါင်းဆောင်ကို ယခုကဲ့သို့အချုပ် ထောင်တခုအတွင်း ပြောင်းရွေ့လိုက်သည့် မတရားလုပ်ရပ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်​၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်သံတမန်များကို ကူညီဆောင် ရွက်ပေးရန် NLDက ယနေ့ ထုတ်ပြန်သည်။

ပြည်သူလူထုယုံကြည်အားကိုးသည့် ခေါင်းဆောင်ဖြစ်၍ လည်းကောင်း၊ နိုင်ငံတကာမှလေးစားချစ်ခင်သည့် ခေါင်းဆောင်တစ်ဦးအနေဖြင့်လည်းကောင်း၊ တိုင်းပြည်အကျိုးကိုရှေ့ရှုသည့် ခေါင်းဆောင်ကောင်းဖြစ်သည့်နှင့်အညီ အမှီအခိုနှင့် နေထိုင်သင့်သော အသက်အရွယ်သို့ရောက်ရှိနေ‌သော လူထုခေါင်းဆောင်ကို အချုပ်ထောင်တွင် ရင်ဆိုင်ကြုံ‌တွေ့ နေရမည့်ဆုတ်ယုတ်‌ဆိုးဝါး‌ သောအခြေအနေများမှ အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးရန် NLD ဗဟိုအလုပ်ကော်မတီက တောင်းဆိုသည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်အတွင်းသို့ စစ်‌ကောင်စီက ပို့ဆောင်လိုက်ခြင်းသည် မြန်မာ့သမိုင်းတွင်သာမက နိုင်ငံတကာမျက်နှာစာတွင် အမည်းစက်စွန်းထင်စေမည့် ဖြစ်ရပ်တခုအဖြစ် ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်ကြောင်းလည်း NLD က ထုတ်ပြန်သည်။

မတရားသည့်ဥပဒေများကို ရင်ဆိုင်နေရသော အသက် (၇၇)နှစ်အရွယ် နိုင်ငံ့ခေါင်းဆောင်ကို ယခုကဲ့သို့အချုပ် ထောင်တခုအတွင်း ပြောင်းရွေ့လိုက်သည့် မတရားလုပ်ရပ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။