Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်မြို့တွင် စစ်ကောင်စီဖမ်းဆီးထားသည့် အရပ်သားခုနှစ်ဦးစလုံး သတ်ဖြတ်ခံရဟုဆို

“ကျွန်တော်တို့ ရထားတဲ့ သတင်းအရတော့ ဖမ်းဆီးခံထားရတဲ့ ခုနှစ်ဦးစလုံး အသတ်ခံလိုက်ရပြီဆိုတာ သေချာသလောက်ရှိတယ်”ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖောင်းပြင်မြို့
ဖောင်းပြင်မြို့

ဖောင်းပြင်မြို့တွင် စစ်ကောင်စီဖမ်းဆီးထားသည့် အရပ်သားခုနှစ်ဦးစလုံး သတ်ဖြတ်ခံလိုက်ရသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖောင်းပြင်မြို့နယ် အောက်တောင်းကျေးရွာမှ ဦးသိန်းလွင်နှင့် ဦးမိုးအောင်အပါအဝင် ရွာသားခုနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် လေးလခန့်အကြာတွင် သတ်ဖြတ်ခံလိုက်ရပြီဆိုသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရထားတဲ့ သတင်းအရတော့ ဖမ်းဆီးခံထားရတဲ့ ခုနှစ်ဦးစလုံး အသတ်ခံလိုက်ရပြီဆိုတာ သေချာသလောက်ရှိတယ်”ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဖောင်းပြင်မြို့နယ်၊ အောက်တောင်းရွာရဲကင်းစခန်းကို ၂၀၂၂ ဇန်နဝါရီ ၂၂ ရက်က ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး ဦးသိန်းလွင်နှင့် ဦးမိုးအောင်အပါအဝင် ရွာသားကိုးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်သည်။ နှစ်ဦးကို ပုဒ်မ ၅၀၅ -ကနှင့် တရားစွဲပြီး ထောင်ဒဏ်ချမှတ်ခဲ့သည်။ ခုနှစ်ဦးကို မလွှတ်ပေးဘဲ ယခုအခါ အသတ်ခံလိုက်ရပြီဆိုသည့် သတင်းထွက်ပေါ်လာ​​​ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အောက်တောင်းရွာရဲကင်းစခန်းအားစီးနင်းခဲ့သည့် ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ဆင်ရေးသတင်းပေါက်ကြားမည်စိုးရိမ်၍ အောက်တောင်းရွာသားတစ်ဦးတစ်ယောက်ကိုမျှကြိုတင် အသိမပေးခဲ့ကြောင်းနှင့် မြေပြင်အခြေအနေကိုလည်း ရွာသားများနှင့်ပူးတွဲလေ့လာခြင်းများမလုပ်ဆောင်ခဲ့ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ၎င်းတို့နှင့် အဆက်အစပ်မရှိသည့် ရွာသားများကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းထားသည်။

“မဆိုင်တဲ့အရပ်သားတွေကို ဖမ်းတယ်။ သတ်တယ်။ စစ်တပ်ကကောင်တွေကို မြင်ရတာ ခွေးရူးကို တွေ့ရသလို မုန်းတီးစရာ ဖြစ်နေပြီ” ဟု ဖောင်းပြင်မြို့ခံတစ်ဦးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည်ကျေးရွာများမှ ‌အရပ်သားများအား မကြာခဏဖမ်းဆီးသတ်ဖြတ်မှုများကျူးလွန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။