Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦး – ပခုက္ကူလမ်းပိုင်းကို အရေးပေါ်အခြေ​အနေအရ ယာယီပိတ်​ထား​ကြောင်း ​ချောင်းဦး PDF ​ကြေညာ

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံသည်။

(PDF များကဇွန်လ၉ရက်နေ့ကချောင်းဦး-ပခုက္ကူလမ်းပေါ်ရှိဆင်ဖြူရှင်တံတားစစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့စဥ်။ ဓါတ်ပုံ-ရေစကြို PDF)
(PDF များကဇွန်လ၉ရက်နေ့ကချောင်းဦး-ပခုက္ကူလမ်းပေါ်ရှိဆင်ဖြူရှင်တံတားစစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့စဥ်။ ဓါတ်ပုံ-ရေစကြို PDF)

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းကိုဆက်သွယ်ထားသောချောင်းဦး – ပခုက္ကူလမ်းပိုင်းကို အရေးပေါ်အခြေ​အနေအရ ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးကြေညာသည်။

ယနေ့(ဇွန်လ၂၉ရက်)နေ့နံနက်ပိုင်းမှစ၍ချောင်းဦး -ပခုက္ကူလမ်းပိုင်းကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDF၏ကြေညာချက်တွင် ဖော်ပြသည်။

ယာယီပိတ်ထားချိန်အတွင်းကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက်လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း အသိပေးသည်။

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် ၆ နာရီ ၁၁မိနစ်ဝန်းကျင်က ချောင်းဦးမြို့နယ် တောကျောင်းကြီးကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဆင်ဖြူရှင်တံတားမှတဆင့် မြောင်မြို့နယ် ရွှေပန်းကျေးရွာနှင့် ရွှေပန်းကျွန်းကျေးရွာများကို သေနတ်များ ပစ်ဖောက်ဝင်ရောက်လာကြောင်းဗိုလ်တောက်ထွန်း(MBTT)အဖွဲ့က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ၉ရက်နေ့က ချောင်းဦး-ပခုက္ကူလမ်းပေါ်ရှိ ဆင်ဖြူရှင်တံတား စစ်ဆေးရေးဂိတ်နှင့် ရဲကင်းစခန်းကို ဒေသတွင်းPDFအဖွဲ့များစုပေါင်းကာ တစ်နာရီကျော်ကြာ ဝိုင်းဝန်းတိုက်ခိုက်ပြီးနောက်မီးရှို့ခဲ့သည်။ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိသည့်ပြင် ရဲတစ်ဦး အရှင်ဖမ်းမိသည်ဟု ရေစကြို PDF က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။