Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို ရက်အကန့်အသတ်မရှိပိတ်လိုက်ကြောင်း PDF (၅)ဖွဲ့ပူးပေါင်းထုတ်ပြန်

အဆိုပါလမ်းပိုင်းကို ယမန်နေ့(ဇွန် ၂၈)ရက်ကစပြီးပိတ်လိုက်ခြင်းဖြစ်ပြီး ယင်းလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လမ်း၏ဘယ် ညာတွင် နင်းမိုင်း၊ တိုက်မိုင်းများဖြင့် အများပြည်သူအန္တရာယ်ကျရောက်အောင်လုပ်ဆောင်နေခြင်းကြောင့်ဟု ဖော်ပြသည်။

People's Spring Published by Lu Thit Page Liked · 2 hrs · Edited · မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းအစလမ်းဆုံအားတွေ့ရစဥ်။ ။ဓါတ်ပုံ-CJ
People's Spring Published by Lu Thit Page Liked · 2 hrs · Edited · မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းအစလမ်းဆုံအားတွေ့ရစဥ်။ ။ဓါတ်ပုံ-CJ

မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းအား ရက်အကန့်အသန့်မရှိ ယာယီပိတ်လိုက်ကြောင်းချိုမိုင်မိုင် ယင်းမာပင်-ကနီမဟာမိတ်တပ်ပေါင်းစုနှင့် မဟယမိတ်(၅)ဖွဲ့က ပူးပေါင်းထုတ်ပြန်လိုက်သည်။

အဆိုပါလမ်းပိုင်းကို ယမန်နေ့(ဇွန် ၂၈)ရက်ကစပြီးပိတ်လိုက်ခြင်းဖြစ်ပြီး ယင်းလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လမ်း၏ဘယ် ညာတွင် နင်းမိုင်း၊ တိုက်မိုင်းများဖြင့် အများပြည်သူအန္တရာယ်ကျရောက်အောင်လုပ်ဆောင်နေခြင်းကြောင့်ဟု ဖော်ပြသည်။

“မိဘပြည်သူများ၏ အသက်အန္တရာယ်အားရှေးရူ၍ လမ်းပိုင်းအား အကန့်အသတ်မရှိယာယီပိတ်လိုက်ရခြင်းဖြစ်သည်။ အင်တာနက်လိုင်းအခက်အခဲကြောင့်ယခုလိုနောက်ကျမှတင်ပြရခြင်းအတွက် တောင်းပန်အပ်ပါသည်။ပူးပေါင်းပါဝင်ကြဖို့ လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်”ဟု ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုက အသိပေးသည်။

မုံရွာ-ယာကြီး-ကလေးဝလမ်းနှင့်ချင်းတွင်းမြစ်ကို အ​ပေါ်စီးမှမြင်​တွေ့ရပုံ ။ဓါတ်ပုံ-CJ
မုံရွာ-ယာကြီး-ကလေးဝလမ်းနှင့်ချင်းတွင်းမြစ်ကို အ​ပေါ်စီးမှမြင်​တွေ့ရပုံ ။ဓါတ်ပုံ-CJ

ပိတ်ရခြင်းအကြောင်းရင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရက်စက်ယုတ်မာမှုများကြောင့် ပြည်သူများ အသက်အန္တရာယ် မထိခိုက်စေရန်အတွက်ဖြစ်ကြောင်း၊ ဘန့်ဘွေးရွာမတွင်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းအား လမ်း၏ညာဘက်တွင် နင်းမိုင်းများဖြင့်လည်းကောင်း၊လမ်းပေါ်တွင် တိုက်မိုင်းများဖြင့်လည်းကောင်း အသုံးပြု၍ ပြည်သူများ၏ အသက်အန္တရာယ်အား ထိခိုက်စေရန် ရည်ရွယ်ပြင်ဆင်ထားသည်ကို မျက်မြင်တွေ့ရှိရကြောင်း မဟာမိတ်အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် အရေးပေါ်ကျန်းမာရေးကိစ္စဖြင့် သွားလာမည်ဆိုပါက သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးသို့ ဆက်သွယ်ချိတ်ဆက်ပြီးမှသာ အခြားလမ်းများက သွားလာကြရန်၊ ပြည်သူများ၏ လုံခြုံရေးအတွက် ယာယီလမ်းပိတ်သိမ်းရခြင်းဖြစ်ပြီး ပြည်သူများပူးပေါင်းဆောင်ရွက်ရန် မဟာမိတ်အဖွဲ့များကမေတ္တာရပ်ခံသည်။

ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သွားလာနေပါက လုံခြုံရေး တာဝန်ယူမည်မဟုတ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက ပြည်သူနှင့် ပြည်သူ့ရဲဘော်များအား သွေးခွဲရန်ကြံစည်နေ၍ ပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းအား စစ်ရေးသတိ၊ လုံခြုံရေးအသိဖြင့် အဆိုပါလမ်းပိုင်းအား အသုံးမပြုကြရန် မဟာမိတ်အဖွဲ့များကအသိပေးသည်။

မဟာမိတ်အဖွဲ့များတွင် “ချိုမိုင်မိုင်” ယင်းမာပင်၊ ကနီမဟာမိတ်တပ်ပေါင်းစု၊ Yinmabin Local Defence Force၊ Chindwin Galone Yarzar Guerrilla Defence Force၊ Alpha Special Force၊ Monywa True Of Force(MTOF)တို့ပါဝင်သည်။

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ ချောင်းဦး-ပခုက္ကူလမ်းပိုင်းကိုလည်း ယနေ့နံနက်ခင်းမှစတင်ကာ သွားလာခွင့်ယာယီပိတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။