Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဟိန်းမင်း၏ မိဖများနေအိမ်ကို စစ်ကောင်စီအဖွဲ့က ချိတ်ပိတ်ပြီးနောက်တစ်ရက်တွင် ဖျက်ဆီး

ဒီချုပ်ပါတီမှ ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းသည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များအနက် အသက်အငယ်ဆုံးအမတ်ဖြစ်သည်။

ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဟိန်းမင်း၏ မိဖများနေအိမ်ကို စစ်ကောင်စီအဖွဲ့က ချိတ်ပိတ်ပြီးနောက်တစ်ရက်တွင် ဖျက်ဆီး
ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဟိန်းမင်း၏ မိဖများနေအိမ်ကို စစ်ကောင်စီအဖွဲ့က ချိတ်ပိတ်ပြီးနောက်တစ်ရက်တွင် ဖျက်ဆီး

ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဟိန်းမင်း၏ မိဖများပိုင်ဆိုင်သော နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ယမန်နေ့(ဇွန် ၂၉ရက်)က ချိတ်ပိတ်ပြီးနောက် ယနေ့တွင် ဖျက်ဆီးသွားကြောင်း ဒေသခံများနှင့် ဦးအောင်ဟိန်းမင်းက ပြောသည်။

” မ​နေ့က ချိတ်ပိတ်ထားတဲ့ ကျွန်​တော်တို့အိမ်ကို ဒီ​နေ့မှာ စစ်​ကောင်စီက လူအင်အားအများအပြားနဲ့ ရိုက်ဖျက်​နေကြတယ်လို့ သိရပါတယ်။ဒီလုပ်ရပ်ဟာ အဆင့်မရှိတဲ့ လူတန်းစားတစ်ရပ်ရဲ့ ယုတ်မာရမ်းကားမှုသပ်သပ်ပဲလို့ မှတ်ချက်ပြုချင်ပါတယ်”ဟု ဦးအောင်ဟိန်းမင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဖားကန့်ဒေသခံတစ်ဦးက”ဘယ်လိုခံယူချက်နဲ့များ ဖျက်ဆီးတာလဲ စဥ်းစားလို့တောင် မတတ်တော့ဘူးဗျာ။အိမ်ကိုဖျက်ဆီးနေတာများ ဘီလူးသရဲ စီးနေကြသလိုပဲ”ဟု ပြောသည်။

သစ်ဖြင့်ဆောက်လုပ်ထားပြီး သွပ်မိုးထားသည့် နေအိမ်ကို လုံးဝပျက်စီးအောင်ဖျက်ဆီးသွားခြင်းပြီး အိမ်တိုင်များကိုပါ လှဲဖြိုသွားသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

“ရန်သူက ရန်သူ့အလုပ် လုပ်​နေသလို ကျွန်​တော်တို့ဘက်ကလည်း လုပ်စရာရှိတာ ဆက်လုပ်​နေမှာပါပဲ။ ဆက်​တော်လှန်​နေမှာပဲ။ အိမ်ဆိုတာ​လောက်က ကျွန်​တော်တို့ နိုင်ရင် ပြန်ရနိုင်တဲ့အရာပါ။အဆုံးအရှုံးများထားတဲ့ ကျွန်​တော်တို့ ရဲ​ဘော်၊ရဲဘက်​တွေ ပြည်သူ​တွေနဲ့ ယှဉ်လိုက်ရင်ဘာမှ မဟုတ်​ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်​တော်တို့ အဆုံးထိသွားကြမယ်။ အ​ရေး​တော်ပုံကြီး ​အောင်မြင်တဲ့အထိ ​တော်လှန်ကြမယ်”ဟု ဦးအောင်ဟိန်းမင်းက ရေးသားထားသည်။

ဒီချုပ်ပါတီမှ ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းသည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များအနက် အသက်အငယ်ဆုံးအမတ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။