Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနယ် ချောင်းကြီးရွာတွင် ရွှေကျင်သူများကို စစ်ကောင်စီထံ တိုင်ကြားသည့် စစ်မှုထမ်းဟောင်းတစ်ဦးအား တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့သတိပေး

၎င်း၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသူများရှိပြီး အမှုရင်ဆိုင်ဖြေရှင်းနေရသူများလည်းရှိကြောင်း၊ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီအား တိုင်ကြားခဲ့သည့်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ချောင်းကြီးကျေးရွာ
ချောင်းကြီးကျေးရွာ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာရှိ ချောင်းအတွင်း၌ ရွှေကျင်နေသောရွာသားများကို အကြမ်းဖက်စစ်ကောင်စီထံ တိုင်ကြားသည့် စစ်မှုထမ်းဟောင်းတစ်ဦးအား ၎င်း၏လုပ်ရပ် ရပ်တန်းကရပ်ရန် သပိတ်ကျင်းအခြေစိုက် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က သတိပေးလိုက်သည်။

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ၊ အမှတ် (၇)ရပ်ကွက်၊ စိန်သုံးလုံးလမ်းကြားတွင် ရွှေချက်ကန်လုပ်ငန်း လုပ်ကိုင်ကာ ရောက်ရှိနေသော စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးမြအောင်ဆိုသူသည် ချောင်းကြီးကျေးရွာရှိ ချောင်းထဲတွင် ရွှေလုပ်ငန်းလုပ်ကိုင်စားသောက်နေသူ ရွာသားများအား ဓါတ်ပုံမှတ်တမ်းရိုက်ကူးကာ အကြမ်းဖက်စစ်ကောင်စီထံ တိုင်ကြားခဲ့သည်ဟု TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

၎င်း၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသူများရှိပြီး အမှုရင်ဆိုင်ဖြေရှင်းနေရသူများလည်းရှိကြောင်း၊ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီအား တိုင်ကြားခဲ့သည့်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ထိုသို့တိုင်ကြားခဲ့သည့် ဦးမြအောင်ဆိုသူအား ၎င်းလုပ်ဆောင်နေသည့် အခြေအမြစ်မရှိဘဲ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးခြင်းလုပ်ငန်းများ ရပ်တန်းကရပ်ရန် တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့
သတိ​ပေးသည်။

Public Service Announcement

Public Service Announcement

၎င်း၏လှုပ်ရှားမှုအခြေအနေများကိုလည်း စောင့်ကြည့်သတင်းယူနေပြီး ယခုထက်ဆိုးရွားလာပါက ထိုက်တန်သောပြစ်ဒဏ်ပေးသွားမည်ဟု တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထပ်မံသတိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်းမရှိသေးပါ။

မန္တလေး – မိုးကုတ်လမ်းပေါ်တွင်ရှိသည့် ချောင်းကြီးကျေးရွာသည် အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်မှုများလည်း မကြာခဏခံခဲ့ရပြီး လူသေဆုံးထိခိုက်မှုများလည်း ရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာအတွင်းက ချောင်းကြီးကျေးရွာရှိ စစ်ကောင်စီလ​က်အောက်ခံ ရာအိမ်မှုးတစ်ဦး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။