Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက သုံးရက်ဆက်တိုက်ခိုက်

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ရာ ကျညီနောင်မဟာမိတ်တပ်ပေါင်းစုသည် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရအကျဆုံးစာရင်း မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

MSPDF
MSPDF

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များပူးပေါင်းပြီး သုံးရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က PDFစခန်းတစ်ခုအား မီးရှို့ဖျက်ဆီးသွားကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့(MSPDF)က သတင်းထုတ်ပြန် သည်။

ယမန်နေ့(ဇွန်လ ၂၉ရက်) နံနက် ၅နာရီခန့်က တောကျောင်းရွာဘက်မှ တောလမ်းအတိုင်း စစ်လက်နက်အပြည့်အစုံနှင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၈၀ခန့် ပါသော စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား လေးဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း MSPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်(၄)-MSPDF၏ Camp-3 အား အကြမ်းဖက်ဝင်ရောက်၍ မီးရှို့ဖျက်စီးမှုများ ပြုလုပ်ခဲ့သည်။

MSPDF
MSPDF

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရွှေပန်းကျေးရွာမှ ပြည်သူပိုင် နေအိမ် ၁၇လုံးနှင့် ရွှေပန်းကျွန်းကျေးရွာမှ ပြည်သူပိုင်နေအိမ် တစ်လုံးအား မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ပြုလုပ်သွားကြောင်း MSPDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

နေ့လည်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များအတွင်းသို့ ပစ္စည်းများဝင်ရောက်ဖျတ်ဆီးနေရာ MSPDF၏ ရဲဘော်များက လက်လုပ်တစ်တောင့်ထိုးများဖြင့် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MSPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါစစ်ဆင်ရေးအား စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF ၊ Natogyi Regional Defence Force(NRDF)နှင့် Chaung U Local Defence Forceတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု အသိပေးသည်။

ယမန်နေ့ (ဇွန်လ ၃၀ရက်)တွင်လည်း အကြမ်းဖက်စစ်ကောင်စီ တပ်သားများတပ်စွဲရာ ရွှေပန်းရွာသို့ သုံးဖွဲ့ခွဲ၍ ချဥ်းကပ်သွားရာ အကြမ်းဖက်စစ်ကောင်စီတပ်က သိရှိသွားပြီး ရွှေပန်းရွာရှိ ဆရာတော်တစ်ပါးအား “သေနတ်သံတစ်ချက်ကြားရင်ရွာထဲတွင် ဖမ်းဆီးထားသော ပြည်သူအယောက်၇၀ကျော်အားတစ်ယောက်မကျန်သတ်ပစ်မည်”ဟု ခြိမ်းခြောက်ပြောဆိုလိုက်သောကြောင့် ညီနောင်မဟာမိတ်တပ်များသည် ပြည်သူများအန္တရာယ်ဖြစ်မည်စိုး၍ ပြန်လည်ဆုတ်ခွာလာခဲ့သည်ဟု အသိပေးထားသည်။

MSPDF
MSPDF

ယနေ့(ဇူလိုင် ၁ရက်) နံနက် ၈နာရီခန့်ကလည်း ရွှေပန်းကျေးရွာမှ ပြည်လည်ထွက်ခွာလာသော စစ်တပ်အား ညီနောင်မဟာမိတ်တပ်ပေါင်းစုမှ နှစ်ဖွဲ့ခွဲ၍ စနိုက်ပါ၊ (၄၀) မမများဖြင့်စတင် တိုက်ခိုက်ခဲ့ရာ မိနစ်၃၀ခန့်ကြာမြင့်သော တိုက်ပွဲဖြစ်ပွားခဲ့သည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ရာ ကျညီနောင်မဟာမိတ်တပ်ပေါင်းစုသည် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရအကျဆုံးစာရင်း မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့စစ်ဆင်ရေးတွင် စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်(၄)-MSPDF ၊ Natogyi Regional Defence Force(NRDF) ၊ Burmese Guerrilla Force(BGF) ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ်(၁) ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ်(၃) ၊ Chaung U People Defence Force(CHU PDF) ၊ TTAပြောက်ကျားတပ် ၊ မြောင်မြို့နယ်ကျေးရွာတပ်ပေါင်းစုတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု အသိပေးသည်။

ညီနောင်မဟာမိတ် တပ်ပေါင်းစုများမှာ လုံးဝအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုပြောသည်။

ဖြစ်စဥ်သုံးခုတွင် မဟာမိတ်တပ်ဖွဲ့ဝင်များဘက်မှ စစ်ကိုင်းခရိုင်အမှတ် (၄)တပ်ရင်း၏ Camp – 3 မီးရှို့ဖျက်​ဆီးခံရခြင်း၊ Computerနှင့် ဆက်စပ်ပစ္စည်းများဆုံးရှုံးခြင်း၊ ဒရုန်းတစ်စင်းဆုံးရှုံးခဲ့ခြင်း ၊ Natogyi Regional Defence Force မှ ကားတစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းနှင့် အခြားသောဆုံးရှုံးမှုများရှိခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDFက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။