Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ကားနှစ်စီး မီးလောင်ပျက်စီး

အဲ့ဒီနောက် ဒီနေ့မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေကို မသိရှိရသေးဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကျိုက်ထိုမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်
ကျိုက်ထိုမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်

ကေအဲန်ယူ-တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီရဲ့ထောက်ပို့ယာဉ်တန်းကို KNLA PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ကားနှစ်စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဇူလိုင် ၂ ရက်နေ့ မနက် ၈ နာရီကျော်အချိန်က ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ် ၂ လေးဒေါင့်ကန်အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ လောင်စာဆီတွေတင်ဆောင်လာတဲ့ ကားနှစ်စီးဟာ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျိုက်ထိုမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်
ကျိုက်ထိုမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်

အဆိုပါယာဉ်တန်းဟာ လတ်တလောမှာ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ထိုင်း-မြန်မာနယ်စပ်နားမှာရှိတဲ့ ဥကရစ်ထစခန်းဘက်ကို ပို့ဆောင်မယ့်ယာဉ်တန်းတွေဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ က ဆိုပါတယ်။

အဲ့ဒီနောက် ဒီနေ့မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေကို မသိရှိရသေးဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ယာဉ်တန်းကို တိုက်ခိုက်ပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ နဲ့ KNLA ပူးပေါင်းအဖွဲ့တွေက အထိအခိုက်မရှိပဲ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

‎‎မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့ဟု ‎ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook