Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် ကျေးရွာများ မီးရှို့ဖျက်ဆီးရန်ထွက်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာငါးဦးခန့်​သေ

ဇွန်လ ၂၄ ရက်ကလည်း ရေစကြိုမြို့နယ် အောင်သပြေရွာနှင့်တောင်ဦးရွာကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ​လေးဦး​သေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့​ကြောင်း​ ရေစကြိုPDFက ထုတ်ပြန်ထားသည်။

(တိုက်ပွဲအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်သည်။ ဓာတ်ပုံ - ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
(တိုက်ပွဲအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်သည်။ ဓာတ်ပုံ - ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

ရေစကြိုမြို့နယ်ရှိ ကျေးရွာများ မီးရှို့ဖျက်ဆီးရန်ထွက်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သားငါးဦးခန့် သေဆုံးကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က ထုတ်ပြန် သည်။

ယနေ့(ဇူလိုင် ၂ ရက်)နံနက် ၁၀နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၊ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် (Salingyi Special Task Force) ညီနောင်မ ဟာမိတ် ( ၃ )မြို့နယ် ပူးပေါင်းတပ်ဖွဲ့နှင့် ရေစကြိုမြို့နယ် ဗြိဘ(အရှေ့)ရွာအား မီးရှို့ပီးထွက်လာသော စခ စစ်ကြောင်းတို့ ဗြိဘ (အနောက်) ရွာအရောက်တွင် နာရီဝက်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“စစ်ကောင်စီ စစ်ကြောင်းမှာက အင်အား ၇၀ လောက်ပါတယ် ။အဲဒါကို နှစ်ကြောင်းခွဲ ပြီး ရွာတွေထဲ ဝင်စီး မီးရှို့ နေတာ။ဒီနေ့ကတော့ ကျွန် တော်တို့ တပ်ဖွဲ့တွေပေါင်းပြီး စောင့်တိုက် တာ”ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သူ ဗိုလ် Cross က လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲတွင် ပြည်သူကာကွယ်ရေးရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုက်ပွဲတွင်ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သောငဘပြောက်ကျားတပ်ဖွဲ့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးဖြစ်သူ ကိုဝေကြီးကသတင်းကောင်းလေးတွေလာမည်ဟု အသိပေးခဲ့သည်။

အကြမ်းဖက်စစ်တပ်သည် ရေစကြိုမြို့နယ် ဗြိဘကျေးရွာအပါအဝင် ကမ်းဘဲ့၊ ရွှေကျောင်း၊ပေါက်တောကြီးစသည့် ကျေးရွာများအား ယမန်နေ့ဇူလိုင်လ၁ရက် ညနေပိုင်းကစတင်ကာအင်အားအများအပြားဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကျေးရွာများအတွင်းရှိ လူနေအိမ်များအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးခြင်းများနှင့် နေအိမ်တစ်ချို့မီးရှို့ခံရကာ ရွာသားအချို့ကိုလည်းဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

ဇွန်လကစ၍ ရေစကြိုမြို့နယ်၏ အနောက် မြောက်ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် စစ်ထိုးခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များ၊ပြည်သူ့ကာကွယ်ရေး တပ်များက ကြားဖြတ်တိုက်ခိုက်မှုကြောင့် ထိတွေ့မှုများရှိခဲ့သည်။

ဇွန်လ ၂၄ ရက်ကလည်း ရေစကြိုမြို့နယ် အောင်သပြေရွာနှင့်တောင်ဦးရွာကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ​လေးဦး​သေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့​ကြောင်း​ ရေစကြိုPDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။