Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ဒေသရှေ့တန်းရောက် စစ်ကောင်စီတပ်သား ၆ဦး ထွက်ပြေးလာပြီး KNU ထံခိုလှုံ

“ရှေ့တန်းရောက်နေတဲ့ တပ်တွေက ထွက်ပြေးလာတာ။ ထွက်ပြေးလာတော့ ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီးတော့ ရောက်လာတယ်။ ကျွန်တော်တို့ တပ်ရင်း(၃)ဘက်ကိုရောက်လာတာပေါ့”ဟု တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

People's Spring
People's Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နယ်မြေ ဖာပွန်ဒေသ ရှေ့တန်း၌ ရောက်ရှိနေသည့် စစ်ကောင်စီတပ်မှ တပ်သား ၆ဦးသည် ဖာပွန်မှ ဘီးလင်းမြို့နယ်သို့ ထွက်ပြေးလာပြီး KNU တပ်မဟာ(၁)၊ တပ်ရင်း(၃)တပ်ဖွဲ့ဝင်များထံခိုလှုံလာကြောင်း တပ်မဟာ (၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၂၀ရက်နေ့က စကခ(၈)က ၄၀၃ ရဲဘော် ၆ယောက်က လက်နက်မဲ့နဲ့ ထွက်ပြေးတယ်။ ထွက်ပြေးတော့ ကျွန်တော်တို့ဆီရောက်လာတယ်။သူတို့တွေကတော့ လုံခြုံတဲ့နေရာမှာ ပို့ထားလိုက်ပြီပေါ့။သူတို့ ကျန်းမာရေးအခြေအနေက ကောင်းတယ်။ လုံခြုံတဲ့နေရာမှာ ပဲရှိနေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၆ဦးသည် ဖာပွန်နယ်မှ ဘီးလင်းဘက်သို့ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“ရှေ့တန်းရောက်နေတဲ့ တပ်တွေက ထွက်ပြေးလာတာ။ ထွက်ပြေးလာတော့ ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီးတော့ ရောက်လာတယ်။ ကျွန်တော်တို့ တပ်ရင်း(၃)ဘက်ကိုရောက်လာတာပေါ့”ဟု တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅)နယ်မြေတွင် နယ်မြေခံ KNUတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိပြီးစစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားလျက်ရှိသည်။ တိုက်ပွဲများ၌ စစ်ကောင်စီတပ်က အကျအဆုံး အထိအခိုက်များသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရှင်ဖမ်းမိခြင်း၊တပ်မှ ထွက်ပြေးပြီး CDM ပြုလုပ်ခြင်းများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း KNUတပ်မဟာ(၅)၏ ထုတ်ပြန်ချက်များ၌ တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။