Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့ပေါ်မှာ စစ်ကားနှစ်စီးနှင့် လဝကရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ဟု YGF ပြောက်ကျားတပ် အသိပေး

YGF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များအား စစ်ရေးအရှိန်မြှင့်၍တိုက်ခိုက်သွားမည်ဖြစ်ရာပြည်သူများအနေဖြင့်လည်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပေးကြရန် အသိပေးသည်။

(​ရေး​ပြောက်ကျားတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-YGF)
(​ရေး​ပြောက်ကျားတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-YGF)

စစ်ကောင်စီတပ်မှ ခြောက်ဦးထိခိုက်

ရေးမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ၏ စစ်ကားနှစ်စီးနှင့် စစ်ကောင်စီလက်အောက်ခံလဝကရုံးတို့ကိုဖောက်ခွဲတိုက်ခိုက်မှုများ ပြု လုပ်နိုင်ခဲ့ကြောင်း YGF – ရေးပြောက်ကျားတပ်ဖွဲ့မှ ယနေ့(ဇူလိုင် ၂)အသိပေးထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများကို ဇွန်လ ၂၆ ရက်တွင်တစ်ကြိမ်၊ဇွန်လ ၂၈ ရက်တွင် နှစ်ကြိမ် အသီး သီးပြုလုပ်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်မှ ခြောက်ဦးထိခိုက်ဒဏ်ရာရသွားကြောင်းဖော်ပြသည်။

ဇွန်လ ၂၆ ရက်တိုက်ခိုက်မှုကို ယင်းနေ့ည ၉ နာရီခွဲခန့်က ကင်းလှည့်နေသော စစ်ကောင်စီတပ်ကားတစ်စီးအား ရေးမြို့ပတ်လမ်း၊ ခေမာဘောလုံးကွင်းအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးထိခိုက်ဒဏ်ရာရသွားသည်ဟု ဆိုသည်။

ထို့နောက်ဇွန်လ ၂၈ရက်တိုက်ခိုက်မှုနှစ်ကြိမ်တွင်ပထမအကြိမ်မှာထိုနေ့နံနက် ၉ နာရီခွဲခန့်၌Non-CDMများအားသတိပေးသည့်အနေဖြင့်မြို့နယ်လဝကရုံးအနီးသတိ​ပေးဖောက်ခွဲခဲ့ကြောင်းလည်းအသိ​ပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ ဒုတိယအကြိမ်တိုက်ခိုက်မှုကိုယင်းနေ့ ၁၁ နာရီခွဲခန့်တွင် မြို့ပတ်နေသော စစ်ကားအပြာတစ်စီးအား ရေးမြို့ပြည်သူ့ရင်ပြင်ကွေ့အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေးဦးထိခိုက်ဒဏ်ရာရသွားသည်ဟုလည်းပါရှိသည်။

YGF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များအား စစ်ရေးအရှိန်မြှင့်၍တိုက်ခိုက်သွားမည်ဖြစ်ရာပြည်သူများအနေဖြင့်လည်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပေးကြရန် အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်လမ်းကြောင်းများ သတင်းပေးပို့ခြင်း၊ ည ၈ နာရီနောက်ပိုင်း မလိုအပ်ဘဲ အပြင်မထွက်ခြင်းနှင့်အိမ်မီးများပိတ်ပေးထားခြင်း၊ ကားမှန်များချမောင်းခြင်း၊ စစ်ကောင်စီတပ်များအနီး နေထိုင်ခြင်းလုံးဝမပြုခြင်းတို့ဖြင့် အကူအညီပေးကြရန် YGF ကတိုက်တွန်းသည်။

၎င်းတို့ YGF ရဲဘော်များဘက်မှလည်း ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ အသက်နှင့်ခန္ဓာအားပဓာနမထားဘဲအစွမ်းကုန်ကြိုးစားပြီး ရွတ်ရွတ်ချွံချွံတိုက်ခိုက်ိသွားမည်ဟုကတိသစ္စာပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက်(ခလရ-၃၁)ကာကင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။