Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံရေးအတိုက်အခံများနှင့်တွေ့ဆုံရန် စစ်ကောင်စီကို တရုတ်တိုက်တွန်း

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်တွင် လာရောက်သောခရီးစဉ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယား၊ လာအို၊ဗီယက်နမ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးများလည်း ပုဂံသို့ရောက်ရှိနေသည်။

(တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ပုဂံသို့​ရောက်လာစဥ်။ ဓါတ်ပုံ-AP)
(တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ပုဂံသို့​ရောက်လာစဥ်။ ဓါတ်ပုံ-AP)

အာဏာသိမ်း​စစ်ခေါင်း​ဆောင်နှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးမျက်နှာချင်းမဆိုင်​သေး

မြန်မာစစ်ကောင်စီအနေဖြင့် နိုင်ငံရေးအတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန်တရုတ်နိုင်ငံခြားရေးဝမ်ယိကတိုက်တွန်းကြောင်း AFP သတင်းဌာနက ယနေ့ဖော်ပြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်သည့် ပုဂံခရီးစဉ်အတွင်း ဝမ်ယိက စစ်ကောင်စီအနေဖြင့် နိုင်ငံရေးဆိုင်ရာအမျိုးသားပြန်လည်သင့်မြတ်ရေး ရှာဖွေရန် တရုတ်က မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။

၇ ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ပုဂံသို့လာရောက်ခဲ့ခြင်းဖြစ်ပြီး ၃ ရက်ကြာ ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခြင်းမရှိသေးပေ။

လုံခြုံရေးအာမခံချက်ရှိပြီး စစ်ကောင်စီ၏ အစိုးရရုံးများစိုက်ရာ နေပြည်တော်၌ အထက်ပါအစည်းအဝေးကျင်းပခြင်းမရှိသည်မှာ ထူးခြားချက်ဖြစ်သည်။

Public Service Announcement

Public Service Announcement

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် အာဏာမသိမ်းမီ ၃ ပတ်အလိုတွင် နေပြည်တော်သို့ လာရောက်ကာ အရပ်သားအစိုးရခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။

ထို့အပြင် ဝမ်ယိသည် NLD အစိုးရလက်ထက် လာရောက်သောခရီးစဉ်များအားလုံးမှာ နေပြည်တော်သို့ပင်ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်တွင် လာရောက်သောခရီးစဉ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယား၊ လာအို၊ဗီယက်နမ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးများလည်း ပုဂံသို့ရောက်ရှိနေသည်။

ထိုအစည်းအဝေးကာလအတွင်းအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ရန်ကုန်မြို့သို့ရောက်ရှိနေသည်။

စစ်​ကောင်စီသတင်းထုတ်ပြန်​ရေး​အဖွဲ့​ခေါင်း​ဆောင်ဗိုလ်ချုပ်​ဇော်မင်းထွန်းက တရုတ်နိုင်ံခြား​ရေးဝန်ကြီးအပါအဝင်အစည်းအ​ဝေးတက်​ရောက်​သောနိူင်ငံခြား​ရေးဝန်ကြီးများမြန်မာနိုင်ငံလာ​ရောက်ခြင်းသည် အာဏာသိမ်းစစ်​ကောင်စီကို အသိအမှတ်ပြုခြင်းဖြစ်​ကြောင်း ​လွန်ခဲ့​သောသောကြာ်​နေ့ကပြုလုပ်​သောသတင်းစာရှင်းလင်းပွဲတွင်​ပြောသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေး ကျင်းပရန် ကြိုးပမ်းမှုသည် မြန်မာပြည်သူများ၏ ဆန္ဒကို ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ထို့အပြင် ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး၏ အခြေခံကြေညာချက်(Sanya Declaration)ပါ အချက်များနှင့် ဆန့်ကျင်နေသည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။