Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးအတိုက်အခံများနှင့်တွေ့ဆုံရန် စစ်ကောင်စီကို တရုတ်တိုက်တွန်း

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်တွင် လာရောက်သောခရီးစဉ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယား၊ လာအို၊ဗီယက်နမ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးများလည်း ပုဂံသို့ရောက်ရှိနေသည်။

(တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ပုဂံသို့​ရောက်လာစဥ်။ ဓါတ်ပုံ-AP)
(တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ပုဂံသို့​ရောက်လာစဥ်။ ဓါတ်ပုံ-AP)

အာဏာသိမ်း​စစ်ခေါင်း​ဆောင်နှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးမျက်နှာချင်းမဆိုင်​သေး

မြန်မာစစ်ကောင်စီအနေဖြင့် နိုင်ငံရေးအတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန်တရုတ်နိုင်ငံခြားရေးဝမ်ယိကတိုက်တွန်းကြောင်း AFP သတင်းဌာနက ယနေ့ဖော်ပြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်သည့် ပုဂံခရီးစဉ်အတွင်း ဝမ်ယိက စစ်ကောင်စီအနေဖြင့် နိုင်ငံရေးဆိုင်ရာအမျိုးသားပြန်လည်သင့်မြတ်ရေး ရှာဖွေရန် တရုတ်က မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။

၇ ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ပုဂံသို့လာရောက်ခဲ့ခြင်းဖြစ်ပြီး ၃ ရက်ကြာ ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခြင်းမရှိသေးပေ။

လုံခြုံရေးအာမခံချက်ရှိပြီး စစ်ကောင်စီ၏ အစိုးရရုံးများစိုက်ရာ နေပြည်တော်၌ အထက်ပါအစည်းအဝေးကျင်းပခြင်းမရှိသည်မှာ ထူးခြားချက်ဖြစ်သည်။

Public Service Announcement

Public Service Announcement

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် အာဏာမသိမ်းမီ ၃ ပတ်အလိုတွင် နေပြည်တော်သို့ လာရောက်ကာ အရပ်သားအစိုးရခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။

ထို့အပြင် ဝမ်ယိသည် NLD အစိုးရလက်ထက် လာရောက်သောခရီးစဉ်များအားလုံးမှာ နေပြည်တော်သို့ပင်ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်တွင် လာရောက်သောခရီးစဉ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယား၊ လာအို၊ဗီယက်နမ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးများလည်း ပုဂံသို့ရောက်ရှိနေသည်။

ထိုအစည်းအဝေးကာလအတွင်းအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ရန်ကုန်မြို့သို့ရောက်ရှိနေသည်။

စစ်​ကောင်စီသတင်းထုတ်ပြန်​ရေး​အဖွဲ့​ခေါင်း​ဆောင်ဗိုလ်ချုပ်​ဇော်မင်းထွန်းက တရုတ်နိုင်ံခြား​ရေးဝန်ကြီးအပါအဝင်အစည်းအ​ဝေးတက်​ရောက်​သောနိူင်ငံခြား​ရေးဝန်ကြီးများမြန်မာနိုင်ငံလာ​ရောက်ခြင်းသည် အာဏာသိမ်းစစ်​ကောင်စီကို အသိအမှတ်ပြုခြင်းဖြစ်​ကြောင်း ​လွန်ခဲ့​သောသောကြာ်​နေ့ကပြုလုပ်​သောသတင်းစာရှင်းလင်းပွဲတွင်​ပြောသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေး ကျင်းပရန် ကြိုးပမ်းမှုသည် မြန်မာပြည်သူများ၏ ဆန္ဒကို ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ထို့အပြင် ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး၏ အခြေခံကြေညာချက်(Sanya Declaration)ပါ အချက်များနှင့် ဆန့်ကျင်နေသည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်