Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်ပြီး သေဆုံးထိခိုက်များသည့် ဗန်းမောက်တောင်ပိုင်းသို့ စစ်​ကောင်စီလေကြောင်းမှ ဗုံးကြဲ

ဗန်းမောက်တိုက်ပွဲ၌ဒဏ်ရာရပြီး အင်းတော် တာပေါရွာ၌ ဆေးကုသရင်း ဇူလိုင် ၂ရက်က သေဆုံးသည့် စစ်ကောင် စီတပ်ဖွဲ့ဝင်မှာ အရာရှိအဆင့်ဖြစ်ကြောင်း သိရသည်ဟုလည်း ဖော်ပြထားသည်။

ဗန်းမောက်မြို့နယ်

▪️စစ်ကောင်စီတပ်မှသေဆုံးသူများတွင်အရာရှိပါဝင်ပြီး အလောင်းများကိုပြီးစလွယ်မြှုပ်ထား၍အနံ​ဆိုးထွက်နေသဖြင့်​ဒေသခံများပြန်မြှပ်နှံ​ပေးရ

▪️ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အဦးများကို တိုက်ခိုက်မည်မဟုတ်ကြောင်း အသိပေး

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ် တောင်ပိုင်းသို့ စစ်ကောင်စီတပ်က ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Banmauk Revolution က ဖော်ပြသည်။

ဇွန်လနောက်ဆုံးပတ်၌ ဗန်းမောက်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ကသာခရိုင်တပ်ရင်း -၂(ဗန်းမောက် PDF၊အင်းတော် PDF) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့ပြီး ဇူလိုင်လဆန်း၌ တပ်ပြန်ဆုတ်သွားသည်ဟုဆိုသည်။

စစ်ကောင်စီများ ပြန်ဆုတ်သွားပြီးနောက် ယနေ့ညနေပိုင်း၌ ဗန်းမောက်မြို့နယ် ပိန္နဲကုန်း သင်္ချိုင်းကုန်းသို့ ဗုံးကြဲခဲ့ရာ ထိခိုက်မှုမရှိကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာတွင် သင်္ချိုင်းကုန်းအနီးပေါက်ကွဲခဲ့သော်လည်း ပတ်ဝန်းကျင်ရှိ လယ်ကွယ်ထဲမှ လယ်လုပ်ငန်းဆောင်ရွက်နေသည့် ပြည်သူများ ကံကောင်းစွာ ထိခိုက်မှုမရှိဟု Indaw Revolution ကဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဗန်းမောက်တိုက်ပွဲ၌ဒဏ်ရာရပြီး အင်းတော် တာပေါရွာ၌ ဆေးကုသရင်း ဇူလိုင် ၂ရက်က သေဆုံးသည့် စစ်ကောင် စီတပ်ဖွဲ့ဝင်မှာ အရာရှိအဆင့်ဖြစ်ကြောင်း သိရသည်ဟုလည်း ဖော်ပြထားသည်။

ဗန်းမောက်မြို့နယ် ပေပင်ရွာတွင် စစ်ကောင်စီတပ်မှ ဖြစ်ကတက်ဆန်း မြုပ်နှံထားသော စစ်ကောင်စီအလောင်းများမှာ ပုပ်ပွပြီး အနံ့ဆိုးများထွက်နေ၍ ရွာသားများက မြှုပ်နှံပေးခဲ့ကြောင်း၊ အရေအတွက် စာရင်းကောက်ယူပြီး နောက်ပိုင်း၌ ထုတ်ပြန်ပေးမည်ဟု Banmauk Revolution က ဖော်ပြသည်။

KIA၊ PDF ပူးပေါင်းတပ်များအနေဖြင့်လည်း ဗန်းမောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း၊ ပူးပေါင်းတပ်များ ဗန်းမောက်မြို့ထဲဝင်ရောက်နေစဉ် စစ်ကောင်စီ အလိုကျ ဖွင့်ထားသည့် အထက ကျောင်းကိုပိတ်ပြီး ဆရာ၊ဆရာမများ၊ ကျောင်းသား၊သူများ ထွက်ပြေးကြကြောင်း၊ အထူးထုတ်ပြန်လိုသည်မှာ စစ်ကောင်စီနှင့်မပူးပေါင်းရန်ထုတ်ပြန်ထားသော်လဲ ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အဦများကို တိုက်ခိုက်မည်မဟုတ်ကြောင်း အသိပေးခဲ့သည်။

တော်လှန်ရေးကို ပုံဖျက်လိုသူများမှ ပြုလုပ်ခဲ့လျှင်လဲ မိမိတို့ ဒေသကာကွယ်ရေးတပ်ဖွဲ့များမဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်ကမူ စစ်ကြောင်းပြန်ဆုတ်သွားရာ၌ မိုင်းထောင်ခဲ့၍ ဒေသခံအချို့မိုင်းထိ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။