Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် အဝင်းလေး စစ်​ကောင်စီတပ် ဖမ်းဆီးမှုခံရ

မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့တွင် အကြမ်းဖက်စစ်​ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်နေသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်များလည်း ထွက်ပေါ်နေဆဲဖြစ်သည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးအား တွေ့ရစဥ်။ ဓာတ်ပုံ-Than Kyaw Oo Facebook)
(စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးအား တွေ့ရစဥ်။ ဓာတ်ပုံ-Than Kyaw Oo Facebook)

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် အဝင်းလေး အကြမ်းဖက်စစ်​ကောင်စီတပ်၏ ဖမ်းဆီးမှုခံခဲ့ရကြောင်း စစ်အာဏာ ရှင်ဆန့်ကျင်ရေး မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုသန်းကျော်ဦးက ပြောသည်။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးသည် ဇူလိုင် ၂ရက်က ဘုတလင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ကြားရှိ ကတိုးရွာအနီးတွင် စစ်​ကောင်စီတပ်၏ ကင်းပုန်းနှင့် ထိပ်တိုက်တိုးပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကိုသန်းကျော်ဦးက အသိပေးသည်။

သပိတ်ခေါင်းဆောင်နှင့်အတူ ဒီပဲယင်းနယ်ခံ ၂ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို ဘုတလင်မြို့နယ် ကူတော်ကျေးရွာရဲစခန်းတွင် ဖမ်း​ဆီးချုပ်နှောင်ပြီး နှိပ်စက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်သိရကြောင်း ကိုသန်းကျော်ဦးက ပြောသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးအား တွေ့ရစဥ်။ ဓာတ်ပုံ-Than Kyaw Oo Facebook)
(စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးအား တွေ့ရစဥ်။ ဓာတ်ပုံ-Than Kyaw Oo Facebook)

သို့သော် ဇူလိုင် ၃ရက် ညပိုင်းတွင် သပိတ်ခေါင်းဆောင်နှင့်အတူ ဖမ်းဆီးခံထားရသူ၂ဦးသည် ထွက်ပြေးလွတ် မြောက်သွားခဲ့ကြောင်း ကိုသန်းကျော်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အဝင်းလေးရဲ့ ခန္ဓာကိုယ်အနေအထားအရ ထွက်ပြေးဖို့ကြိုးစားပေမယ့် မလွတ်မြောက်ခဲ့ဘူး။ မလွတ်မြောက်တဲ့အပြင် ထွက်ပြေးလို့ဆိုပြီး ပိုနှိပ်စက်ညှင်းပန်းမှုတွေလုပ်ခဲ့တယ်လို့ ထပ်မံထွက်ပြေးလာတဲ့သူတွေက ပြောပါတယ်။ အခုချိန်ထိအဝင်းလေးရဲ့သတင်း အသေးစိပ်ကိုတော့ စုံစမ်းလို့ မသိရှိရသေးပါဘူး။ ကြားရတဲ့သတင်းတွေရှိပေမယ့် အတည်ပြုလို့မရသေးသာကြောင့် မဟုတ်ပါစေနဲ့ပဲဆုတောင်းနေပါတယ်။”ဟု ကိုသန်းကျော်ဦးက ပြောသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးအား တွေ့ရစဥ်။ ဓာတ်ပုံ-Than Kyaw Oo Facebook)
(စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးအား တွေ့ရစဥ်။ ဓာတ်ပုံ-Than Kyaw Oo Facebook)

မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့တွင် အကြမ်းဖက်စစ်​ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်နေသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်များလည်း ထွက်ပေါ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။