Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် အဝင်းလေး စစ်​ကောင်စီတပ် ဖမ်းဆီးမှုခံရ

မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့တွင် အကြမ်းဖက်စစ်​ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်နေသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်များလည်း ထွက်ပေါ်နေဆဲဖြစ်သည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးအား တွေ့ရစဥ်။ ဓာတ်ပုံ-Than Kyaw Oo Facebook)
(စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးအား တွေ့ရစဥ်။ ဓာတ်ပုံ-Than Kyaw Oo Facebook)

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် အဝင်းလေး အကြမ်းဖက်စစ်​ကောင်စီတပ်၏ ဖမ်းဆီးမှုခံခဲ့ရကြောင်း စစ်အာဏာ ရှင်ဆန့်ကျင်ရေး မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုသန်းကျော်ဦးက ပြောသည်။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးသည် ဇူလိုင် ၂ရက်က ဘုတလင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ကြားရှိ ကတိုးရွာအနီးတွင် စစ်​ကောင်စီတပ်၏ ကင်းပုန်းနှင့် ထိပ်တိုက်တိုးပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကိုသန်းကျော်ဦးက အသိပေးသည်။

သပိတ်ခေါင်းဆောင်နှင့်အတူ ဒီပဲယင်းနယ်ခံ ၂ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို ဘုတလင်မြို့နယ် ကူတော်ကျေးရွာရဲစခန်းတွင် ဖမ်း​ဆီးချုပ်နှောင်ပြီး နှိပ်စက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်သိရကြောင်း ကိုသန်းကျော်ဦးက ပြောသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးအား တွေ့ရစဥ်။ ဓာတ်ပုံ-Than Kyaw Oo Facebook)
(စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးအား တွေ့ရစဥ်။ ဓာတ်ပုံ-Than Kyaw Oo Facebook)

သို့သော် ဇူလိုင် ၃ရက် ညပိုင်းတွင် သပိတ်ခေါင်းဆောင်နှင့်အတူ ဖမ်းဆီးခံထားရသူ၂ဦးသည် ထွက်ပြေးလွတ် မြောက်သွားခဲ့ကြောင်း ကိုသန်းကျော်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အဝင်းလေးရဲ့ ခန္ဓာကိုယ်အနေအထားအရ ထွက်ပြေးဖို့ကြိုးစားပေမယ့် မလွတ်မြောက်ခဲ့ဘူး။ မလွတ်မြောက်တဲ့အပြင် ထွက်ပြေးလို့ဆိုပြီး ပိုနှိပ်စက်ညှင်းပန်းမှုတွေလုပ်ခဲ့တယ်လို့ ထပ်မံထွက်ပြေးလာတဲ့သူတွေက ပြောပါတယ်။ အခုချိန်ထိအဝင်းလေးရဲ့သတင်း အသေးစိပ်ကိုတော့ စုံစမ်းလို့ မသိရှိရသေးပါဘူး။ ကြားရတဲ့သတင်းတွေရှိပေမယ့် အတည်ပြုလို့မရသေးသာကြောင့် မဟုတ်ပါစေနဲ့ပဲဆုတောင်းနေပါတယ်။”ဟု ကိုသန်းကျော်ဦးက ပြောသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးအား တွေ့ရစဥ်။ ဓာတ်ပုံ-Than Kyaw Oo Facebook)
(စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ)အဝင်းလေးအား တွေ့ရစဥ်။ ဓာတ်ပုံ-Than Kyaw Oo Facebook)

မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့တွင် အကြမ်းဖက်စစ်​ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်နေသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်များလည်း ထွက်ပေါ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။