Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလေ‌ကြောင်းမှ ကြဲချသည့် မပေါက်ကွဲသေးသောဗုံးများ မင်းတပ် ချပ်ရွာအတွင်း ကျန်ရှိနေ

မင်းတပ် CDFသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို အထိနာအောင် အစောဆုံးတိုက်ခိုက်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပြီး လက်ရှိအချိန်ထိ မင်းတပ်ဒေသ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ သည်။

ဓာတ်ပုံ - Yaw Mang
ဓာတ်ပုံ - Yaw Mang

▪️အပြင်းစား ဗုံးလက်နက်များသုံးပြီး ဗုံးကြဲခဲ့ခြင်းဖြစ်ဟုဆို

ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ကျေးရွာအချို့သို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မပေါက်ကွဲသေးသည့် ဗုံးများ ရွာအတွင်း ကျန်ရှိနေသည်ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ဆလိုင်းယောမာန်က အသိပေးသည်။

ဇူလိုင် ၂ရက်တွင် စစ်ကောင်စီက မင်းတပ်မြို့နယ် ချပ်ရွာနှင့် စွန်တောင်ရွာကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ CDF ရဲဘော် ၃ဦးကျဆုံးပြီး ပြည်သူလူထုနှင့်ရဲဘော် စုစုပေါင်း ၁၄ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - Yaw Mang
ဓာတ်ပုံ – Yaw Mang

“မပေါက်ကွဲတဲ့ဗုံးတွေ ရွာအနှံ့မှာ ကျန်နေသေးတယ်။ တိုက်ပွဲဖြစ်နေရင်တောင် တပ်ခွဲတစ်ခွဲလောက် ဖရိုဖရဲဖြစ်စေပြီး အနည်းဆုံး ၂၀၊ ၃၀ ကျော် ထိခိုက်သေဆုံးစေမဲ့ အပြင်းစားဗုံးလက်နက်ကြီးတွေပဲ။ အောက်က ပုံတွေကိုကြည့်ရင် သိနိုင်ပါတယ်။တကယ်တမ်းမှာ စကစရဲ့အကြံဟာ ရွာကိုရောက်နေတဲ့ CDF, ပ.အ.ဖ အပါအဝင် တစ်ရွာလုံးမှာရှိတဲ့ အပြစ်မဲ့ပြည်သူတွေကို အကုန်မျိုးပြုတ်ဖို့ရည်ရွယ်ပြီး ဗုံးကြဲတာလို့ ပြောလို့ရတယ်” ဟု ဆလိုင်းယောမာန်က ၎င်း၏ Facebook တွင်ရေးသားထားသည်။

Public Service Announcement
Public Service Announcement

မင်းတပ် (ပ.အ.ဖ) ၊ CDF-MINDAT တို့ကို တစ်ချီတည်းနှင့် အပြီးပွဲသိမ်း တိုက်ခိုက်ပြီး တော်လှန်ရေး ခါးကျိုးစေရေး ကြိုးပမ်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ဒါကြောင့်လည်း ဒီလောက် ရက်ရက်စက်စက် အလွန် အကျွံ လုပ်တာ။ ငါတိုကံကောင်းချင်တော့ သူတို့လုပ်ကြံသလို၊ မျှော်လင့်ထားသလို ထိခိုက်မှုမရှိဘူး။ မင်းတပ်ဟာ တော်လှန်ရေးမှာ အားကောင်းဆဲ၊ အားကောင်းမြဲဖြစ်လိမ့်မယ်။တစ်ခုပဲ… အလှည့်ကျ မနွဲ့ကြစတမ်း” ဟု ဆလိုင်း ယောမာန်က ရေးသားထားသည်။

မင်းတပ် CDFသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို အထိနာအောင် အစောဆုံးတိုက်ခိုက်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပြီး လက်ရှိအချိန်ထိ မင်းတပ်ဒေသ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။