Connect with us

Hi, what are you looking for?

သတင်း

အရှေ့ဒဂုံနှင့် သာကေတမြို့နယ်တို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ဒလန်ဆိုသူနှစ်ဦး ရှင်းလင်းခံရ

“အိမ်ထဲမှာပဲ ဝင်ပစ်ခံရတာ။နှစ်ယောက်စလုံး သေပြီလို့ ဒီမနက်သတင်းကြားတယ်”ဟု သာကေတမြို့နယ် ၄/မြောက်ရပ်ကွက်နေသူတစ်ဦးက ရှင်းပြသည်။

People's Spring
People's Spring

အရှေ့ဒဂုံနှင့် သာကေတမြို့နယ်တို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ဒလန်ဆိုသူနှစ်ဦး ရှင်းလင်းခံရကြောင်း ဒေသခံများက ပြောသည်။

ရှင်းလင်းခံရသည့် ဖြစ်စဥ်များအရ ယမန်နေ့(ဇူ လိုင် ၅ရက်)က ရပ်ကွက်ရုံးဖွင့်ရန်လာသည့် ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ (၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းမှာ ၎င်း၏ ကားပေါ်၌ ပင် သေနတ်ဖြင့်လေးချက်ထက်မနည်း ပစ်ခတ်ခံရခြင်းဖြစ်သည်။

“မနေ့က ညနေ ၅ နာရီလောက်မှာဖြစ်တာ။ ရှင်ထွေးညိုလမ်းနဲ့ ဆယ်မြောင်းလမ်းထောင့်၊ ရွှေ တောင်ကြီး လက်ဖက်ရည်ဆိုင်ရှေ့မှာပစ်ခတ်ခံရတာ”ဟု (၁၅)ရပ်ကွက်နေသူတစ်ဦးက ပြော သည်။

အဆိုပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းမှုမှာ ၎င်းတို့ဆောင်ရွက်ခဲ့ခြင်းဟု ULTIMATE REVOLUTIONARY MOVEMENT TEAMအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အလားတူ သာကေတမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးဟုအများက သတ်မှတ်ခံရသော လင်မယားနှစ်ဦးပစ်ခတ်ခံရကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။

“အိမ်ထဲမှာပဲ ဝင်ပစ်ခံရတာ။နှစ်ယောက်စလုံး သေပြီလို့ ဒီမနက်သတင်းကြားတယ်”ဟု သာကေတမြို့နယ် ၄/မြောက်ရပ်ကွက်နေသူတစ်ဦးက ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။