Connect with us

Hi, what are you looking for?

သတင်း

ကျောင်းသားလူငယ်များ၏ ပြင်းပြသောစိတ်ဓာတ်၊ ခိုင်မာသောလုံ့လအားစိုက်မှုတို့ကို များစွာဂုဏ်ယူလေးစားကြောင်း ဆဲဗင်းဂျူလိုင် သဝဏ်လွှာ၌ CRPHဖော်ပြ

လူသတ်‌‌ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာသိမ်းအုပ်စုအား ဆန့်ကျင်တော်လှန်နေသည့် မြန်မာ့နွေဦးတော်လှန်ရေးခရီးကြမ်းတွင်လည်း ကျောင်းသားလူငယ်တို့သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

(7July စိတ်ဓာတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြရန် ကြွေးကြော်ဆန္ဒပြသည့် ရန်ကုန်သပိတ်ကို ယနေ့တွေ့ရစဥ်၊ ဓာတ်ပုံ - ဓာတ်ပုံ - ASU)
(7July စိတ်ဓာတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြရန် ကြွေးကြော်ဆန္ဒပြသည့် ရန်ကုန်သပိတ်ကို ယနေ့တွေ့ရစဥ်၊ ဓာတ်ပုံ - ဓာတ်ပုံ - ASU)

နွေဦးတော်လှန်ရေးတွင် ကျောင်းသားလူငယ်များ၏ ပြင်းပြသောစိတ်ဓာတ်၊ ခိုင်မာသော လုံ့လအားစိုက်မှုတို့ကို များစွာဂုဏ်ယူလေးစားကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ ထုတ်ပြန်သည်။

ယနေ့ကျရောက်သော ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀)ပြည့်တွင် သဝဏ်လွှာ ပေးပို့ရာ ထည့်သွင်းထားခြင်းဖြစ်သည်။

အကြမ်းဖက် စစ်အာဏာရှင်တို့သည် မသမာသော လုပ်ရပ်အမျိုးမျိုးဖြင့် တော်လှန်ရေး ပျက်ပြားစေရန် ကြိုးပမ်းနေစေကာမူ တိုင်းရင်းသား ပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးအတွက် ဆက်လက်ပါဝင်ဆင်နွှဲသွားကြမည့် ကျောင်းသားလူငယ်တို့နှင့် မိမိတို့အားလုံး၏ ထပ်တူညီသော ဆန္ဒဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ယုံကြည်ချက်အပြည့် အဝဖြင့် ဆက်လက်ချီတက်ကြရန်လည်း CRPH က တိုက်တွန်းသည်။

စစ်အာဏာရှင်များက ၁၉၆၂ ဇူလိုင် ၇ရက်တွင် ကျောင်းသားလူငယ်များကို သွေးချောင်းစီးအောင် ဖြိုခွင်း သတ်ဖြတ်ခဲ့သည့် ဝမ်းနည်းဖွယ်အဖြစ်အပျက်သည် ယနေ့ဆိုလျှင် နှစ်ပေါင်း(၆၀) ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုစဉ်ကလည်း စစ်တပ်သည် လက်နက်သုံး၍ အင်အားအလုံးအရင်းဖြင့် သွေးချောင်းစီးအောင် ဖြိုခွဲရာ ကျောင်းသားများ ရာချီသေဆုံးခဲ့ကြရပြီး ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားသမဂ္ဂ အဆောင်ကိုလည်း ဗုံးခွဲဖျက်စီးခဲ့သည်။

ထိုအချိန်မှစ၍ စစ်အစိုးရအဆက်ဆက်သည် ကျောင်းသားသမဂ္ဂများကို တရားဝင် ရပ်တည်ခွင့်မပေးဘဲ ကွယ်ပျောက်သွားစေရန် ကြိုးပမ်းခဲ့သည်။

သို့သော် မည်သို့ပင် ဖိနှိပ်ချုပ်ချယ်ပိတ်ပင်ခဲ့သော်လည်း ကျောင်းသားသမဂ္ဂများသည် ခေတ်အဆက်ဆက်တွင် ဒီမိုကရေစီအရေး၊ပညာရေး၊ ငြိမ်းချမ်းရေး၊ ကျောင်းသားများ၏ အခွင့်အရေးအား ကာကွယ်နိုင်ရေးတို့အတွက် မတရားသော ဖိနှိပ်မှုများကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ခဲ့ကြောင်း CRPHက ထုတ်ပြန်သည်။

လူသတ်‌‌ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာသိမ်းအုပ်စုအား ဆန့်ကျင်တော်လှန်နေသည့် မြန်မာ့နွေဦးတော်လှန်ရေးခရီးကြမ်းတွင်လည်း ကျောင်းသားလူငယ်တို့သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook