Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်တိုက်

ယနေ့ ညနေ ၃နာရီဝန်းကျင်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲကို အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကား Toyota Belta အဖြူရောင် ကားနံပါတ် YGN/7J-5050 ဖြင့် ဝင်တိုက်ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစု AAMIJက ထုတ်ပြန်သည်။

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ - AAMIJ

■စစ်​ကောင်စီက ကားဖြင့်တိုက်ဖမ်းဆီး​သော်လည်းဆန္ဒပြလူငယ်များလွတ်​မြောက်

ရန်ကုန်မြို့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ယနေ့ (ဇူလိုင် ၇) ညနေပိုင်း၌ ပြုလုပ်သည့် 7July အထိမ်း အမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှ လူငယ်များကို အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်တိုက်၍ ဖမ်းဆီးခဲ့ကြောင်း သပိတ်ကော်မတီဝင်များက ​ပြောသည်။

ယနေ့ ညနေ ၃နာရီဝန်းကျင်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲကို အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကား Toyota Belta အဖြူရောင် ကားနံပါတ် YGN/7J-5050 ဖြင့် ဝင်တိုက်ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစု AAMIJက ထုတ်ပြန်သည်။

“အနောက်ကနေ ကားအဖြူနဲ့ ဝင်တိုက်တာပါ။ တိုက်ခံရတဲ့ ကောင်လေးက လမ်းပေါ်ကို လွင့်သွားတယ်။ နောက် ထပ် အိမ်စီးကားနဲ့ စစ်သားတွေ ထပ်ရောက်လာပြီး သေနတ်ဖောက်သံတွေလည်း ကြားလိုက်ရတယ်။ ဘယ်နှစ်ယောက်ဖမ်းခံရလဲ ဆိုတာတော့ မသိရသေးဘူး။ ဒဏ်ရာရတဲ့သူတွေတော့ ရှိတယ် “ဟု သပိတ်ကော်မတီဝင် လူငယ်တစ်ဦးက ​ပြောသည်။

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ – AAMIJ

ထိုသို့ ကားဖြင့်တိုက်၍ ဖြိုခွင်းမှုကြောင့် လူငယ်အချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံရမှုရှိ၊မရှိကို စီစစ်နေဆဲဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်ကလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့နောက် သုခလမ်းမှတ်တိုင်အနီး အကြမ်းဖက် စစ်ကောင်စီဝင်များ ရဲကား၊ စစ်ကား လေးစီးခန့်ဖြင့် ရောက်ရှိလာပြီး လမ်းများပိတ်ဆို့ကာ အနီးအနားရှိ CCTV မှတ်တမ်းများကိုလည်း စစ်ဆေးနေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

“သုခလမ်းပေါ်က icar 5 ဆိုင်ထဲက CCTV တွေကို ရဲတွေက ဝင်ကြည့်နေတယ်။ အပြင်မှာလည်း လမ်းတွေ ပိတ်ပြီး စစ်သားတွေ အများကြီးအသင့်နေယူယူထားတာ တွေ့ခဲ့တယ် “ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဥ်တွင် အိမ်စီးကား အဖြူဖြင့် တိုက်ခံရသည့် လူငယ်သည် Yangon Revolution Strike သပိတ်အဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်ပြီး ၎င်းမှာ ဒဏ်ရာရရှိခဲ့သော်လည်း ဖမ်းဆီးခံရခြင်း မရှိဘဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ – AAMIJ

” အဖွဲ့က ကလေးတစ်ယောက်ကို ငှဲ့လိုက်တာ။ ကားလမ်းပေါ်ကို ကလေးတစ်ယောက်က နေရာယူနေလို့ ကျွန်တော် စိတ်မချလို့ ထောင့်မှာ ကာလိုက်တာပါ။ အိမ်က အဖေ၊ အမေ မျက်နှာပြန်မြင်ပြီး ဇောနဲ့ထပြေးရတာ အခုတော့ အရမ်းနာနေတယ် ” ဟု ကားဖြင့် တိုက်ခံရသည့် လူငယ်၏ ပြောကြားချက်ကို သပိတ်ကော်မတီဝင်တစ်ဦးက လူမှုကွန်ယက်မှ တဆင့် မျှဝေခဲ့သည်။

စစ်ကောင်စီတပ်က ဆန္ဒပြလူငယ်များကို အကြမ်းဖက်၍ ကားဖြင့်တိုက်ဖြိုခွင်းဖမ်းဆီးခဲ့သော်လည်း လူငယ်များထွက်ပြေးလွတ်မြောက်၍ ဖမ်းဆီးခံရခြင်းမရှိကြောင်းသပိတ်အင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။