Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကြီးပစ်ကူဖြင့် လေးကေ့ကော်သို့ ၄ရက်ဆက် စစ်ကြောင်းထိုးသည့်စစ်ကောင်စီတပ် ကော်ဘရာစစ်သည်များ၏ ခုခံမှုကြောင့် ဖရိုဖရဲဆုတ်ခွာရ

စစ်ကောင်စီတပ်သည် ဇူလိုင် ၁ရက်တွင်လည်း လေးကေ့ကော်ဒေသသို့ ဟောင်ဝစ်ဇာ လက်နက်ကြီးများ အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိခဲ့ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း
ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း

▪️စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိပြီး လက်နက် ကြီးကျည်များရ

ကရင့်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၆) လေ့ကေ့ကော်ဒေသရှိ တောင်ကုန်းတစ်ခုပေါ်သို့ အကြမ်းဖက် စစ်ကောင်စီက ဇူလိုင် ၂ရက် နံနက်က ထိုးစစ်ဆင်ဝင်ရောက်ရာ ကော်ဘရာစစ်သည်များက ခုခံတိုက်ခိုက် တွန်းလှန်နိုင်ခဲ့ကြောင်း ကော်ဘရာ စစ် ကြောင်းက ထုတ်ပြန်သည်။

လက်နက်ကြီးပစ်ခတ်ပြီး ဝင်ရောက်လာသည့် စစ်ကောင် စီတပ်ကို အသင့်နေရာယူထားသော ကော်ဘရာစစ်သည်တော်များကတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိရာသို့ RPG နှင့် (၄၀)မမ တိုက်ရိုက်ထိမှန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အထိအခိုက်အကျအဆုံးများစွာဖြင့် ထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း
ဓာတ်ပုံ – ​ကော်ဘရာစစ်​ကြောင်း

အဆိုပါ တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိဟုဖော်ပြပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် အတည်ပြုနိုင်ရန် ဆောင်ရွက်နေသည်ဟုဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဇွန်လ ၂၉ရက်မှစ၍ လေးကေ့ကော်ဒေသို့ လက်နက်ကြီး ပစ်ကူရယူပြီး ညတိုင်း ဝင်ရောက် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ ဇွန်လ ၂၉ရက် ညပိုင်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်များဘက်မှ ၂ဦးသေဆုံး ၇ဦး ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ပွဲ၌ ကော်ဘရာစစ်သည်တစ်ဦး ကျဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်၊ RPG ဗုံးသီးတို့ကို ကော်ဘရာစစ်ကြောင်းက ရရှိခဲ့သည်။

ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း
ဓာတ်ပုံ – ​ကော်ဘရာစစ်​ကြောင်း

ဇွန်လ ၃၀ရက်ညတွင်လည်း စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူရယူပြီး လေးကေ့ကော်သို့ဝင်ရောက်လာရာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်များ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ယင်းတိုက်ပွဲ၌ ကော်ဘရာ စစ်သည်များ ကျဆုံးထိခိုက်မရှိဘဲ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်စာရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်းကော်ဘရာက ထုတ်ပြန်သည်။ ယင်းတိုက်ပွဲ၌လည်း လက်နက်ကြီးကျည်အချို့နှင့် စက်သေနတ်ကျည်များ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၁ရက်တွင်လည်း လေးကေ့ကော်ဒေသသို့ ဟောင်ဝစ်ဇာ လက်နက်ကြီးများ အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိခဲ့ဟု ထုတ်ပြန်ထားသည်။

ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်သည် ယမန်နေ့ (ဇူလိုင် ၇ရက်)နှင့် ယနေ့တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။