Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်၏ ဆွေးနွေးရန် စကားခေါ်မှု လက်တွေ့မကျ၍ စဉ်းစားရန်ပင်မလိုအပ်ဟု NUG နိုင်ငံခြားရေးဝန်ကြီးတုံ့ပြန်

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကြိုတင်သတ်မှတ်ချက်များဖြင့် ဆွေးနွေးရန် စကားခေါ်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆွေးနွေးမည်ကို ပြည်သူလူထုအနေ ဖြင့် စိုးရိမ်ပူပန်ရန်မလိုကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ရှင်းပြသည်။

(NUG နိုင်ငံခြား​ရေးဝန်ကြီး​​ဒေါ်ဇင်မာ​အောင်။ ဓါတ်ပုံ-NED)
(NUG နိုင်ငံခြား​ရေးဝန်ကြီး​​ဒေါ်ဇင်မာ​အောင်။ ဓါတ်ပုံ-NED)

●အကြမ်းဖက်စစ်ကောင်စီနှင့် ဆွေးနွေးမည်ကို ပြည်သူလူထုက စိုးရိမ်ပူပန်ရန် မလိုကြောင်းပြော

တရားမဝင်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အတိုက်အခံအင်အားစုများနှင့်ဆွေး နွေးနိုင်မည့် ကြိုတင်သတ်မှတ်ချက် ၃ ရပ်သည် လက်တွေ့မကျသည့်အတွက် စဉ်းစားရန်ပင် မလိုအပ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က People’s Spring သို့ ပြော သည်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကြိုတင်သတ်မှတ်ချက်များဖြင့် ဆွေးနွေးရန် စကားခေါ်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆွေးနွေးမည်ကို ပြည်သူလူထုအနေ ဖြင့် စိုးရိမ်ပူပန်ရန်မလိုကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ရှင်းပြသည်။

“သူလျှောက်ပြီးတော့ သွေးရူးသွေး တန်းနဲ့ ပြောနေတဲ့ အချက်အလက်တွေဖြစ်တဲ့အတွက်ကြောင့် ဒီအခြေခံအချက်တွေက လက်တွေ့မကျဘူးဆိုတော့ လက်တွေ့မကျမှတော့ ကျွန်မတို့က ဘာမှ စဉ်းစားစရာမလိုပါဘူး” ဟု ၎င်းက ပြောသည်။

အတိုက်အခံအင်အားစုများအနေဖြင့် ၎င်းတို့၏ သဘောထား ရပ်တည်ချက်များကို ပြောင်းလဲကာ ကြိုတင်သတ်မှတ်ချက် ၃ ရပ်ကို လိုက်နာရမည်ဟု မင်းအောင်လှိုင်က အာဆီယံအထူးကိုယ် စားလှယ်နှင့်တွေ့ဆုံစဉ် စကားခေါ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်၏ သတ်မှတ်ချက် ၃ ရပ်မှာ အစိုးရနှင့် ပူးပေါင်းမည်ဆိုပါက အစိုးရ ပျက်စီးရာ၊ ပျက်စီးကြောင်း ကြုံစည်လုပ်ဆောင်ခြင်းမျိုး မလုပ်ရန်၊ အစိုးရကို အစားမထိုးရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ၂၀၀၈ အခြေခံဥပဒေကို အခြေခံမူအဖြစ် သတ်မှတ်ရန် တို့ဖြစ်သည်။

အဆိုပါ သတ်မှတ်ချက်များသည် မင်းအောင်လှိုင်က အကြောက်တရားကို အခြေခံကာ ပြော​ ခြင်းဖြစ်ပြီး ၎င်းသည် နိုင်ငံတော် သစ္စာဖောက်မှုကို ကျူးလွန်ထားသူဖြစ်ကြောင်း NUG နိုင်ငံ ခြားရေးဝန်ကြီးက ပြောသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုသည် ၎င်းတို့ကိုယ်တိုင်ရေးဆွဲပြဌာန်းထားသော ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ခဲ့ခြင်းသာဖြစ်ကြောင်း ဥပဒေပညာရှင်များသာမက နိုင်ငံတကာကပါ လက်ခံ နားလည်ထားကြသည်။

“သူဟာ ဥပဒေကိုချိုးဖောက်ထားတဲ့ အာဏာသိမ်းတဲ့စစ်ခေါင်းဆောင် တစ်ယောက်သာဖြစ်နေတာပေါ့။ ဒါကြောင့် ဒီအပေါ်မှာ သူ စိတ်မလုံမခြုံဖြစ်ပြီး အစိုးရကို ဖြုတ် ချဖို့ မကြိုးစားရဘူးဆိုတဲ့ အချက်အလက်တွေကို precondition အနေနဲ့တောင်းဆိုလာတာ ဖြစ် တယ်။ ဒီတောင်းဆိုချက်တွေအကုန်လုံးက လက်တွေ့ကျတဲ့၊ နိုင်ငံရေးအရ အဖြေရှာလိုတဲ့ တောင်းဆိုချက်တွေ မဟုတ်ဘဲနဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အကြောင်းတရားအပေါ် အခြေခံထားတဲ့ လက်တွေ့မကျတဲ့ အချက်အလက်တွေလို့ ကျွန်မအနေနဲ့ မြင်ပါတယ်” ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံအခြေစိုက်ရိုဟင်ဂျာအသင်း (BROUK)က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဖမ်းဆီးပြီး တရားခံအဖြစ် လွှဲပြောင်းယူနိုင်ရေးကြိုးစားပေးဖို့အာဂျင်တီးနားတရားရေးဌာနကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကြံရာပါပြုခြင်း

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။