Connect with us

Hi, what are you looking for?

သတင်း

နမခမှတစ်ဆင့် စစ်ကိုင်းအထက်ပိုင်းသို့ လက်နက်ခဲယမ်းများပို့ရန် စစ်​ကောင်စီ၏ လုံခြုံ​ရေး​ရေယာဥ်သုံးစီး မင်း​ဒေါင့်ဆိပ်ကမ်း​ရောက်​နေ

အဆိုပါ လုံခြုံရေးရေယာဥ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ခန့်ပါရှိသည်ကို မြေပြင်သတင်း အချက်အလက်အရ တွေ့ရှိကြောင်း ကနီအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(မင်းဒေါင့်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် စစ်ကောင် စီ၏ ရေယာဥ်များဖြစ်သည်။ ဓာတ်ပုံ - CJ)
(မင်းဒေါင့်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် စစ်ကောင် စီ၏ ရေယာဥ်များဖြစ်သည်။ ဓာတ်ပုံ - CJ)

အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မုံရွာ)မှတစ်ဆင့် စစ်ကိုင်းအထက်ပိုင်းသို့ စစ်ကောင်စီက လက်နက်၊ခဲယမ်းများထောက်ပို့နိုင်ရန် လုံခြုံရေး ရေယာဥ်သုံးစီးရောက်ရှိနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစု များက ပြောသည်။

စစ်ကိုင်းအထက်ပိုင်းရှိ ခန္တီး နှင့် ဟုမ္မလင်းမြို့သို့ စစ်ကောင်စီက လက်နက်ခဲယမ်းရိက္ခာများ ပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သင်္ဘောတစ်စီးနှင့်ပြောက် ကျားစစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်းကို ယမန်နေ့(ဇူလိုင် ၈ ရက်)က ရောက်ရှိလာခဲ့ခြင်းဟု ဆိုသည်။

“ချင်းတွင်း မြစ်ကြောင်းအတိုင်းသယ်ရမှာဆိုတော့ အရင်ကလည်း သူတို့ ဖလက်ခွန် ရေယာဥ်တွေကို ကြားဖြတ်တိုက်ခံရတာ ရှိတော့ အခုက သေချာပြင်ဆင်လာတယ်လို့ မြင်တယ်”ဟု ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

ထို့အပြင် စစ်ကိုင်းအထက်ပိုင်းသို့ လက်နက်ခဲယမ်း ရိက္ခာကို ရေကြောင်းမှ ပို့ဆောင်ရန် ဇွန်လကတည်းက ပြင်ဆင်ထားသည်ကို တော်လှန်ရေး အင်အားစုများအနေဖြင့် ကြိုတင်သိရှိထားကြောင်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လုံခြုံရေးရေယာဥ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ခန့်ပါရှိသည်ကို မြေပြင်သတင်း အချက်အလက်အရ တွေ့ရှိကြောင်း ကနီအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့ကြောင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများအနေဖြင့် ယခုကာလ အတွင်းဂရုပြုနေထိုင်ရန်နှင့် လုံခြုံရေး အထူးသတိပြုကြရန်လည်း ၎င်းတို့က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။