Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားတစ်ဦးလက်နက်ခဲယမ်းအပြည့်အစုံဖြင့်CDF မင်းတပ်ထံလာ​ရောက်၍CDMပြုလုပ်

“မနေ့က အလင်းဝင်တယ်။ သေနတ်ရော ကျည်ဆန်တွေရောပါတယ်။ဒီနေ့ လွတ်မြောက်နယ်မြေ အရောက်ပို့လိုက်ပြီ”ဟု CDF-Mindat တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့(ဇူလိုင် ၁၁ရက်)ပြောသည်။

People's Spring
People's Spring

စစ်ကောင်စီတပ်သားတစ်ဦးသည် ဗုံးနှစ်လုံးအပါအဝင် လက်နက်ခဲယမ်းအပြည်ွအစုံယူဆောင်လာပြီးစစ်တပ်ကိုစွန့်ခွာလာကာ မင်းတပ်ပြည်သူ့ကာကွယ်ရေတပ်CDFမင်းတပ်ထံ လာ​ရောက်ပူးပေါင်း၍ CDMပြုလုပ်ခဲ့သည်။

ချင်းပြည်နယ် စစ်ကြောင်းတွင်ပါဝင်လာသည့်အရှေ့တောင်ပိုင်းစစ်ဌာနချုပ် ခမရ ၅၁၂မှ တပ်သား ဇင်လင်အောင်သည် CDF-Mindat ထံ ဇူလိုင် ၁၀ရက်က အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။

“မနေ့က အလင်းဝင်တယ်။ သေနတ်ရော ကျည်ဆန်တွေရောပါတယ်။ဒီနေ့ လွတ်မြောက်နယ်မြေ အရောက်ပို့လိုက်ပြီ”ဟု CDF-Mindat တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့(ဇူလိုင် ၁၁ရက်)ပြောသည်။

တပ်သား ဇင်လင်းအောင်က MA-1 သေနတ် တစ်လက်၊ကျည်ပေါက်သုံးခု၊ကျည် ၁၂၃တောင့်နှင့်ဗုံးသီးနှစ်လုံး ယူဆောင်လာကာ CDM ပြုလုပ်လာ​ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုအပြင်ကရင်ပြည်နယ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ယနေ့ အလင်းဝင်လာကာ ပြည်သူနှင့် ပူးပေါင်းလာသည်။ လက်ရှိဖြစ်ပွားနေသော ဥကရစ်ထစခန်းတိုက်ပွဲသို့ စစ်ကောင်စီတပ်က စစ်ကူပို့လိုက်သောတပ်သား ငါး ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းတပ်ဆီ အလင်းဝင်ကာ CDM ပြုလုပ်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။