Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ပျက်သုဉ်းရေး NUGနှင့် ဆက်လက်ပူး ပေါင်းမည်ဟု MSCC ထုတ်ပြန်

စစ်ကောင်စီပြုတ်ကျရေးအတွက် ဆောင်ရွက်ရာတွင် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ သံတမန်ရေးအပြင် မဟာမိတ်များနှင့်လည်း တတ်နိုင်သမျှတွေ့ဆုံဆွေးနွေးပြီး စစ်အာဏာရှင်စနစ်ပျက်သုဉ်းစေရေး အင်အားစုများဖြစ်ပေါ် လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် NUGပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

စစ်အာဏာရှင်ပျက်သုဉ်းရေး NUGနှင့် ဆက်လက်ပူး ပေါင်းမည်ဟု MSCC ထုတ်ပြန်
စစ်အာဏာရှင်ပျက်သုဉ်းရေး NUGနှင့် ဆက်လက်ပူး ပေါင်းမည်ဟု MSCC ထုတ်ပြန်

စစ်အာဏာရှင်ပျက်သုဉ်းရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC)က ယမန်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟို ကော်မတီနှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC)တို့၏ ပထမအကြိမ်အစည်းအဝေးကို ဇူလိုင် ၁၀ရက်တွင် ကျင်းပခဲ့ပြီး လက်ရှိဆောင်ရွက်နေသော ပညာရေး၊ကျန်းမာရေး၊ ကာကွယ်ရေးနှင့်လုံခြုံရေး၊ အုပ်ချုပ်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများ နှင့်ပတ်သက်ပြီး နှစ်ဖက် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီပြုတ်ကျရေးအတွက် ဆောင်ရွက်ရာတွင် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ သံတမန်ရေးအပြင် မဟာမိတ်များနှင့်လည်း တတ်နိုင်သမျှတွေ့ဆုံဆွေးနွေးပြီး စစ်အာဏာရှင်စနစ်ပျက်သုဉ်းစေရေး အင်အားစုများဖြစ်ပေါ် လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် NUGပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

MSCC ဥက္ကဌအဖွဲ့ဝင် တစ်ဦးကလည်း စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးဖြစ်သည့် ယခုနွေဦးတော်လှန်ရေးတွင် မွန်ပြည်နယ်မှ တိုင်းရင်းသားပြည်သူများ တတပ်တအား ပါဝင်နေပြီး စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအိပ်မက်သည် ပြည်ထောင်စုသားအားလုံးနှင့်ထပ်တူ မွန်ပြည်နယ်ပြည်သူများ၏ ထက်သန်သော ဆန္ဒမျှော်လင့်ချက်ပန်းတိုင် ရောက်ရှိရေး ကြိုးပမ်းသွားမည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကာ ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက် သတ် ဖြတ်ခံရမှုကြောင့် ဇွန်လ ၃၀ရက်တွင် ကျဆုံးခဲ့ရသည့် ဘီးလင်းမြို့နယ် ပြည်နယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အပါအဝင်(၃)ဦးအတွက် အထူးဝမ်းနည်းကြေကွဲပါကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုဦးညွတ်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ရွာအခြေစိုက် အမှတ် (၃၁၈) အမြောက်တပ်ရင်းကနေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာဘက်ဆီ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၆) တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။