Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ပျက်သုဉ်းရေး NUGနှင့် ဆက်လက်ပူး ပေါင်းမည်ဟု MSCC ထုတ်ပြန်

စစ်ကောင်စီပြုတ်ကျရေးအတွက် ဆောင်ရွက်ရာတွင် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ သံတမန်ရေးအပြင် မဟာမိတ်များနှင့်လည်း တတ်နိုင်သမျှတွေ့ဆုံဆွေးနွေးပြီး စစ်အာဏာရှင်စနစ်ပျက်သုဉ်းစေရေး အင်အားစုများဖြစ်ပေါ် လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် NUGပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

စစ်အာဏာရှင်ပျက်သုဉ်းရေး NUGနှင့် ဆက်လက်ပူး ပေါင်းမည်ဟု MSCC ထုတ်ပြန်
စစ်အာဏာရှင်ပျက်သုဉ်းရေး NUGနှင့် ဆက်လက်ပူး ပေါင်းမည်ဟု MSCC ထုတ်ပြန်

စစ်အာဏာရှင်ပျက်သုဉ်းရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC)က ယမန်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟို ကော်မတီနှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC)တို့၏ ပထမအကြိမ်အစည်းအဝေးကို ဇူလိုင် ၁၀ရက်တွင် ကျင်းပခဲ့ပြီး လက်ရှိဆောင်ရွက်နေသော ပညာရေး၊ကျန်းမာရေး၊ ကာကွယ်ရေးနှင့်လုံခြုံရေး၊ အုပ်ချုပ်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများ နှင့်ပတ်သက်ပြီး နှစ်ဖက် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီပြုတ်ကျရေးအတွက် ဆောင်ရွက်ရာတွင် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ သံတမန်ရေးအပြင် မဟာမိတ်များနှင့်လည်း တတ်နိုင်သမျှတွေ့ဆုံဆွေးနွေးပြီး စစ်အာဏာရှင်စနစ်ပျက်သုဉ်းစေရေး အင်အားစုများဖြစ်ပေါ် လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် NUGပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

MSCC ဥက္ကဌအဖွဲ့ဝင် တစ်ဦးကလည်း စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးဖြစ်သည့် ယခုနွေဦးတော်လှန်ရေးတွင် မွန်ပြည်နယ်မှ တိုင်းရင်းသားပြည်သူများ တတပ်တအား ပါဝင်နေပြီး စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအိပ်မက်သည် ပြည်ထောင်စုသားအားလုံးနှင့်ထပ်တူ မွန်ပြည်နယ်ပြည်သူများ၏ ထက်သန်သော ဆန္ဒမျှော်လင့်ချက်ပန်းတိုင် ရောက်ရှိရေး ကြိုးပမ်းသွားမည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကာ ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက် သတ် ဖြတ်ခံရမှုကြောင့် ဇွန်လ ၃၀ရက်တွင် ကျဆုံးခဲ့ရသည့် ဘီးလင်းမြို့နယ် ပြည်နယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အပါအဝင်(၃)ဦးအတွက် အထူးဝမ်းနည်းကြေကွဲပါကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုဦးညွတ်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook