Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင်မိုင်းဆွဲခံရ​သောဒုရဲအုပ် ​ရွှေဘို​ဆေးရုံပို့ရန်စစ်ရဟတ်ယာဥ်သယ်​ဆောင်​သော်လည်း​သေဆုံးဟုဆို

ဇူလိုင်လ ၇ ရက်၊နံနက် ၈နာရီခွဲခန့်တွင် ခင်ဦးမြို့၏ အရှေ့ဘက် ၆ မိုင်ခန့်အကွာ ခင်ဦး-ရွှေဘို-မြစ်ကြီးနားကားလမ်းတစ်လျှောက်၌ခင်ဦးမြို့မရဲစခန်းမှ ဒုရဲအုပ်သန်းနိုင်ထွန်းဆိုသူက ဦးစီးကာကင်းပတ်ရန်ထွက်ခွာလာခဲ့သည်။

ခင်ဦး
ခင်ဦး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ထိခိုက်သွားသည့် ဒုရဲအုပ်အား စစ်​လေယာဥ်ဖြင့် လာရောက်ခေါ်ဆောင်သွားသော်လည်း သေဆုံးခဲ့ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင်လ ၇ ရက်၊နံနက် ၈နာရီခွဲခန့်တွင် ခင်ဦးမြို့၏ အရှေ့ဘက် ၆ မိုင်ခန့်အကွာ ခင်ဦး-ရွှေဘို-မြစ်ကြီးနားကားလမ်းတစ်လျှောက်၌ခင်ဦးမြို့မရဲစခန်းမှ ဒုရဲအုပ်သန်းနိုင်ထွန်းဆိုသူက ဦးစီးကာကင်းပတ်ရန်ထွက်ခွာလာခဲ့သည်။

မွန်းလွဲ ၁ နာရီခန့်တွင် ပူးပေါင်းအဖွဲ့သည် ခင်ဦးမြို့နယ်၊ ကြို့ကန်ကျေးရွာနှင့် ရွာသာကျေးရွာသွားလမ်းခွဲ၌ မိုင်းခွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဒုရဲအုပ် မင်းချစ်သူသည် ယာဘက်လက်ဖျံနှင့်ယာဘက်ချိုင်း​အောက်မိုင်းစဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး ရဲတပ်သားတစ်ဦးလည်း ယာဘက်ပေါင် မိုင်းစထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း လှို့ဝှက်ကြေးနန်းစာတွင် ရေးသားထားသည်။

၎င်းတို့နှစ်ဦးအား ရွှေဘိုဆေးရုံသို့တင်ပို့ရန် မုံရွာရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရဟတ်ယာဥ်ဖြင့် တင်ဆောင်လာစဥ် ဒုရဲအုပ်မင်းချစ်သူမှာသေဆုံးသွားကြောင်းရဲကြေးနန်းစာတွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

တပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအခြေအနေအရ နေအိမ်လုံခြုံရေးအခြေအနေအရ နေအိမ်လိုင်းခန်းရရှိအောင်ဆောင်ရွက်ပေးရန်၊ တပ်ပြင်ပနေ တပ်ဖွဲ့ဝင်များ တပ်အတွင်းသာနေထိုင်ကြရန်၊ တပ်ပြင်ပတွင် နေထိုင်မှုမရှိစေရန်၊ တာဝန်ချိန်မှအပ တင်ပြင်သို့ လုံးဝ(လုံးဝ) သွားလာခြင်းမရှိစေရန် ၊ လုံခြုံရေးသတိရှိစေရေး တပ်စုမှူးများက ကြပ်မက်ဆောင်ရွက်ရန်အကြမ်းဖက်စစ်ကောင်စီကအသိပေးထားသည်။

အဆိုပါဖြစ်စဥ်အား မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကိုမူမသိရသေးပါ။

ဇွန်လ၂၂ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ ခင်ဦး-ရေဦး ကားလမ်း SMC မူးဘောင် တံတားပေါ်တွင် အကြမ်းဖက်စစ်တပ်က ကားတစ်ီးဖြင့်ဖြတ်သန်းလာချိန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တစ်နာရီကျော်ကြာ တိုက်ခိုက်ခဲ့ရာကားပေါ်ပါ အကြမ်းဖက်အုပ်စုဝင် (၁၁) ဦးလုံး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။