Connect with us

Hi, what are you looking for?

သတင်း

ဒေသအသီးသီးကလူငယ်တွေ၊ ပြည်သူတွေ တတ်နိုင်တဲ့ဘက်က ပါဝင်ကြဖို့ ရွှေကျင် ကရင်လူငယ်အစည်းအရုံးတိုက်တွန်း

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုကိုအကာအကွယ်ပေးဖို့ ကတိသစ္စာပြုထားတဲ့အတိုင်း ပြည်သူနဲ့ဆန့်ကျင်တဲ့ အမိန့်ညွှန်ကြားချက်တွေကို ဆန့်ကျင်ပြီး ပြည်သူလူထုနဲ့အတူ ပြတ်ပြတ်သားသားရပ်တည်ဖို့ ဆောထိမြို့နယ် KYO ကရင်လူငယ်အစည်းအရုံးက တိုက်တွန်းထားပါသေးတယ်။

KNU
KNU

စစ်ကောင်စီရဲ့ လူသားမဆန်တဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေခံစားနေရတဲ့ လူမှုဒုက္ခအ၀၀ကို ကူညီဖြည့်ပေးဖို့နဲ့ အဲ့ဒီလိုလူသားမဆန်တဲ့လုပ်ရပ်တွေကို ရပ်တန့်နိုင်ဖို့ ဒေသအသီးသီးရှိလူငယ်တွေ၊ ပြည်သူလူထုတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ကြဖို့ ကေအဲန်ယူ-ဆောထိ(ရွှေကျင်)မြို့နယ် ကရင်လူငယ်အစည်းအရုံး(KYO)က သဘောထားကြေငြာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

လတ်တလောမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မုန်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်တာ၊ တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး ရွာသူရွာသားတွေပိုင်ဆိုင်တဲ့ အိုးအိမ်နဲ့ပစ္စည်းဥစ္စာတွေကို သိမ်းယူတာ၊ ရွာသူရွာသားတွေကို ဖမ်းဆီးရိုက်နှက်သတ်ဖြတ်တာကြောင့် ကျေးရွာပေါင်း(၆၀)က ဒေသခံပြည်သူဦးရေ(၆၅၄၃၇)ဟာ ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေခဲ့ရတာပါ။

ဒါ့အပြင် ကေအဲန်ယူ-ခလယ်လွီထူခရိုင် ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ညပိုင်းတွေမှာ ကျေးရွာတွေအတွင်း လှည့်လည်လှုပ်ရှားတာ၊ တပ်အင်အားတွေတိုးချဲ့တာ၊ ရွှေကျင်မြောက်ဘက်ခြမ်း ကျေးရွာတွေနဲ့ ရွှေကျင်ချောင်း၊ မဒမချောင်းတစ်လျှောက် တောင်ပေါ်ကျေးရွာဘက်ကို ရေလမ်းကုန်းလမ်းကနေတစ်ဆင့် အစားအသောက်၊ ဆေးဝါး၊ စက်သုံးဆီတွေ တင်ပို့သယ်ယူခွင့်ပိတ်ပင်တာနဲ့ ရောင်းဝယ်သယ်ယူခွင့်အတွက် စစ်ကောင်စီရဲ့ အသိအမှတ်ပြုထောက်ခံစာနဲ့သာ သွားရမယ်လို့ အမိန့်ထုတ်ပြန်ထားတာတွေကြောင့် ဒေသခံပြည်သူတွေထိတ်လန့်ကြောက်ရွံ့ပြီး သွားလာနေရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုကိုအကာအကွယ်ပေးဖို့ ကတိသစ္စာပြုထားတဲ့အတိုင်း ပြည်သူနဲ့ဆန့်ကျင်တဲ့ အမိန့်ညွှန်ကြားချက်တွေကို ဆန့်ကျင်ပြီး ပြည်သူလူထုနဲ့အတူ ပြတ်ပြတ်သားသားရပ်တည်ဖို့ ဆောထိမြို့နယ် KYO ကရင်လူငယ်အစည်းအရုံးက တိုက်တွန်းထားပါသေးတယ်။

Public Service Announcement

Public Service Announcement

ဆောထိမြို့နယ် KYO ကရင်လူငယ်အစည်းအရုံးဟာ မိမိတို့ကိုင်စွဲထားတဲ့ သစ္စာဓိဌာန်နဲ့ ဆန့်ကျင်တဲ့ စစ်ကောင်စီရဲ့ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လူသားမဆန်တဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။