Connect with us

Hi, what are you looking for?

သတင်း

လူသေဆုံးမှုဖြစ်ခဲ့သည့် မြေနီကုန်းတံတားအနီး ပေါက်ကွဲမှုဖြစ်စဥ်မှာ ၎င်းတို့ပြုလုပ်ခြင်းမဟုတ်ကြောင်း စမ်းချာင်း PDFပြော

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ စစ်ဆင်ရေးများပြုလုပ်မည်ဟု ကြေညာထားသည့် Burma Dragon Army ကလည်း ယင်းဖောက်ခွဲမှုကို ၎င်းတို့အဖွဲ့နှင့် မဟာမိတ်အဖွဲ့များက လုပ်ဆောင် ခြင်းမဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

မြေနီကုန်းတံတားအနီး ပေါက်ကွဲမှု
မြေနီကုန်းတံတားအနီး ပေါက်ကွဲမှု

လူသေဆုံးမှုဖြစ်ခဲ့သည့် မြေနီကုန်းတံတားအနီး ပေါက်ကွဲမှုဖြစ်စဥ်မှာ ၎င်းတို့ပြုလုပ်ခြင်း မဟုတ်ကြောင်း စမ်းချာင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(People’s Defence Force Sanchaung Township)က ဇူလိုင် ၁၄ ရက်တွင် အသိပေးထုတ်ပြန်သည်။

ဇူလိုင် ၁၂ ရက် ဝါဆိုလပြည့်နေ့တွင် စမ်းချောင်းမြို့နယ် ပြည်လမ်းနှင့် ဗားကရာ လမ်းထောင့် မြေနီကုန်းတံတား အနီးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြည်သူအချို့ ထိခိုက်သေဆုံးသည်ဟု ကြားသိ ရသောကြောင့် စိတ်မကောင်းကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စမ်းချာင်း PDF
စမ်းချာင်း PDF

“People’s Defence Force Sanchaung အနေဖြင့် ၇.၆.၂၀၂၂ ရက်နေ့တွင် ကြေညာချက်အမှတ် ၀၀၄/စခ/၂၀၂၂ ဖြင့် စာသင်ကျောင်းများ၊ဆရာ/ဆရာမ များ၊ကျောင်းသူ/သားများ၊ဘာသာရေး အဆောက်အဦးများလူစည်ကားရာ အများနှင့်သက်ဆိုင်သောနေရာများနှင့်အပြစ်မဲ့ပြည်သူများအား လုံးဝ(လုံးဝ)တိုက်ခိုက်ခြင်းပြုလုပ်မည်မဟုတ်ပါဟု ကြေညာချက်ထုတ်ပြန်ထား ပြီးဖြစ်ပါသည်။” ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့အဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ထောက်တိုင်များ မှအပ အခြားသော မည်သည့်တိုက်ခိုက်မှုမျိုးကိုမှ လုပ်ဆောင်မည်မဟုတ် ကြောင်း ထပ်မံအသိပေးကြေညာကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ ကြောင်း မီဒီယာများက ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ စစ်ဆင်ရေးများပြုလုပ်မည်ဟု ကြေညာထားသည့် Burma Dragon Army ကလည်း ယင်းဖောက်ခွဲမှုကို ၎င်းတို့အဖွဲ့နှင့် မဟာမိတ်အဖွဲ့များက လုပ်ဆောင် ခြင်းမဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

ဝါဆိုလပြည့်နေ့တွင် ရွှေတိဂုံဘုရားသို့လာရောက်သူများပြားသောကြောင့် မြေနီကုန်းအနီးတဝိုက်၌ လူသွားလူလာများပြားခဲ့ပြီး ပြည်သူများကို ထိခိုက်မည့် ဖောက်ခွဲမှုမျိုးကိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့်လုပ်ဆောင်မည် မဟုတ်ဟု ပြည်သူများက ယုံကြည်ထားသည်ဟု ဆိုသည်။

ထို့ပြင် ယင်းပေါက်ကွဲမှုတွင် အကြမ်းဖက်စစ်ကောင်စီများကို ထိခိုက်ခဲ့ခြင်း မရှိသလို လာရောက် စစ်ဆေးသည့်ကားများသည်လည်းအေးအေးဆေးဆေးသာ မောင်းနှင်လာခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ရေးသားထားသည်။

ထို့ပြင် ပေါက်ကွဲမှုဖြစ်ချိန်တွင်လည်း မြေနီကုန်းတံတားအောက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဟန်မပျက်ရှိနေသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက လူထုနွေဦးကို ပြောကြားထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် မြေနီကုန်းတံတားအောက်ရှိ စစ်ကောင်စီတပ်များကို ဖောက်ခွဲရန် စီစဉ်ခဲ့ဖူးသော်လည်း ပြည်သူများသွားလာနေသောကြောင့် စစ်ဆင်ရေးဖျက် သိမ်းရသည့် ဖြစ်စဉ်များရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။