Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ ကျောက်ထု – ပခုက္ကူလမ်းအား သွားလာခြင်းမပြုရန် PDF မေတ္တာရပ်ခံ

ဇူလိုင် ၁၄ရက် နေ့ခင်းပိုင်းတွင် ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာ မှ စစ်ကောင်စီတပ်များသည် ပေါက်တောင်ပိုင်း တောင်ချိုကျေးရွာသို့ ရောက်ရှိကာ စာသင်ကျောင်း ပစ္စည်းများအား ဖျက်ဆီးမီးရှို့ခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ ကျောက်ထု - ပခုက္ကူလမ်းအား သွားလာခြင်းမပြုရန် PDF မေတ္တာရပ်ခံ
တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ ကျောက်ထု - ပခုက္ကူလမ်းအား သွားလာခြင်းမပြုရန် PDF မေတ္တာရပ်ခံ

ပေါက်တောင်ပိုင်းသို့ စစ်ကောင်စီတပ်ဝင်ရောက်နေ၍ ပြည်သူ့များ သတိထားရှောင်ရှားရန် အသိပေး

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုဒေသနှင့် ဆက်စပ်ဒေများ၌ စစ်ကောင်စီတပ်များ လှုပ်ရှားမှု ရှိ၍ တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်းကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။

ကျောက်ထု-တပြင်းကားလမ်းတလျောက်စစ်ကောင်စီတပ်များကင်းပုန်းချလျက် နေရာအတော်များများ၌ ရှိ​နေပြီးအချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်၍ ယနေ့ (ဇူလိုင် ၁၅ရက်)မှစ၍ကျောက်ထု – ပခုက္ကူ လမ်းပိုင်း အသုံးပြုခြင်းအား ခတ္တရပ်နားပေးထားကြပါရန်နှင့် သေရေးရှင်ရေးကိစ္စများအတွက်သွားလာရန်လိုအပ်ပါက ကျောက်ထု PDF ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းပေးရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါ လမ်းပိုင်းအား လွတ်လပ်စွာအသုံးပြုနိုင်မည့်အချိန်အား ပြန်လည်တင်ပြပေးမည်ဟုလည်း ဖော်ပြထားသည်။

မကွေးတိုင်း ပေါက်မြို့နယ်တွင်လည်း စစ်ကော်စီတပ်များ ဝင်ရောက်စစ်ကြောင်းထိုးလျက်ရှိသည်ဟု ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၄ရက် နေ့ခင်းပိုင်းတွင် ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာ မှ စစ်ကောင်စီတပ်များသည် ပေါက်တောင်ပိုင်း တောင်ချိုကျေးရွာသို့ ရောက်ရှိကာ စာသင်ကျောင်း ပစ္စည်းများအား ဖျက်ဆီးမီးရှို့ခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့မနက်တွင်လည်း ကျောက်အိုးရွာမှ စစ်ဘေးရှောင်တဲများအား ပစ်ခတ်ဝင်ရောက်နေပြီး တဲများအား မီးရှို့ဖျက်ဆီးနေကြောင်း၊ တောင်ချိုကျေးရွာနှင့် ကျောက်အိုးကျေးရွာတို့တွင် စစ်ကောင်စီတပ်များ ရှိနေသေး၍ ပြည်သူများသတိထား ရှောင်ရှားကြရန် အသိပေးကြောင်းပေါက်တောင်ပိုင်းပြောက်ကျားတပ်က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။