Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ လုံခြုံရေးကင်းစခန်း ၂ ခုကို မန္တလေးမြို့ပြပြောက်ကြားအဖွဲ့ ၃ ဖွဲ့တိုက်ခိုက်

မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစောင့်ဂိတ်တဲကိုလည်း မနေ့ကညပိုင်းမှာ ဗုံးပစ်ခံရပြီး ပစ်ခတ်တာတွေရှိခဲ့ပေမယ့် မည်သည့်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဓာတ်ပုံ − GETTY IMAGES
ဓာတ်ပုံ − GETTY IMAGES

မန္တလေးမြို့က အိန္ဒိယကောင်စစ်ဝန်ရုံးရှေ့ စစ်ကောင်စီလုံခြုံရေးကင်း နဲ့ အောင်မြေသာစံမြို့နယ် တရားရုံး ရှေ့ တပ်စွဲထားတဲ့ စစ်ကောင်စီလုံခြုံရေးအဖွဲ့ကို ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ မန္တလေးအခြေစိုက် မြို့ပြပြောက်ကြားအဖွဲ့ ၃ ဖွဲ့က ထုတ်ပြန်အသိပေးပါတယ်။

မနေ့က ညပိုင်း ၈ နာရီလောက်မှာ အိန္ဒိယကောင်စစ်ဝန်ရုံးရှေ့လုံခြုံရေးယူထားတဲ့ စစ်ကောင်စီဂိတ်ကို ဗုံးနဲ့တိုက်ခိုက်ရာ ရဲလေးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောင်မြေသာစံမြို့နယ် တရားရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကိုလည်း ည၈နာရီခန့်ဗုံးထုတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၂ ဦးထိခိုက်ပြီးသေဆုံးနိုင်ခြေရှိတယ်လို့ မန္တလေးအခြေစိုက် မြို့ပြပြောက်ကြားအဖွဲ့ ၃ ဖွဲ့ကထုတ်ပြန်ထားပါတယ်။

Public Service Announcement
Public Service Announcement

ထိခိုက်ဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေကို ကို မန္တလေးနန်းတွင်းကိုသယ်ဆောင်ပြီး စစ်ကောင်စီဘက်ကဆေးကုပေးနေတယ်လို့သတင်းတွေထွက်နေပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးနဲ့ထုခံရတဲ့အတွက် စစ်အုပ်စုဘက်က ပြန်ပစ်ခတ်ပေမယ့် မြို့ပြပြောက်ကြားအဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

မနေ့က ညပိုင်း တိုက်ခိုက်မှုကို Mother Son Mandalay Force၊ Myanmar Revolution Ranger force နဲ့ Kings Cobra Guerilla Force- MDY စတဲ့ မဟာမိတ်သုံးဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစောင့်ဂိတ်တဲကိုလည်း မနေ့ကညပိုင်းမှာ ဗုံးပစ်ခံရပြီး ပစ်ခတ်တာတွေရှိခဲ့ပေမယ့် မည်သည့်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်