Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းဖက်စပ်ကုမ္ပဏီတွေ ရဲ့ ဒေါ်လာတွေကို ကျပ်ငွေနဲ့မဖြစ်မနေလဲရမယ်လို့ စစ်ကောင်စီအမိန့်ထုတ်

စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ပို့ကုန်၊သွင်းကုန်လုပ်ငန်းတွေ အခက်အခဲတွေ့စေမှာသေချာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆိုထားကြပါတယ်။

Photo - GETTY
Photo - GETTY

စစ်ကောင်စီဟာ ဒေါ်လာကို အေးဓားပြတိုက်နေတာလို့စီးပွားရေးအသိုင်းအဝိုင်းထုတ်ပြောလာ

နိုင်ငံခြားရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိပါတဲ့ ပြည်တွင်းကုမ္ပဏီတွေရဲ့ နိုင်ငံခြားသုံးငွေဘဏ်စာရင်းထဲက ဒေါ်လာတွေကို မြန်မာငွေနဲ့မဖြစ်မနေ လဲလှယ်ရမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဇူလိုင်လ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။

အဲဒီကုမ္ပဏီတွေ ဘဏ်စာရင်းထဲက ဒေါ်လာတွေကို မြန်မာငွေနဲ့လဲလှယ်နိုင်ဖို့အတွက် ကုမ္ပဏီစာရင်းကို စစ်ကောင်စီရဲ့ဗဟိုဘဏ်ဆီပေးပို့ဖို့ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားခွင့်လုပ်ငန်းလိုင်စင်ရထားတဲ့ ပြည်တွင်းက ဘဏ်တွေကို စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

စစ်ကောင်စီရဲ့ဗဟိုဘဏ်ထံ ပေးပို့ရမယ့် စာရင်းထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိရှိတဲ့ဖက်စပ် ကုမ္ပဏီရဲ့ နိုင်ငံခြားငွေ စာရင်းလက်ကျန်ကိုပါ တပါတည်း တင်ပြရမယ်လို့ပါရှိတာတွေ့ရပါတယ်။

စစ်ကောင်စီဟာ ကုမ္ပဏီပိုင် ဒေါ်လာတွေကို ကျပ်ငွေလဲလှယ်ရာမှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁၈၅၀ နှုန်းနဲ့သာလဲပေးတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီလုပ်ရပ်ဟာ ဒေါ်လာကိုစစ်ကောင်စီက အေးဓားပြတိုက်တာလို့စီးပွားရေးအသိုင်းအဝိုင်းက သူအချို့ဟာ ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ သဘောထားရေးလာကြတာတွေရှိပါတယ်။

ပြင်ပ ငွေကြေးဈေးကွက်မှာ အမေရိကန် ၁ ဒေါ်လာဟာ ကျပ် ၂၂၀၀ ကျော် ပေါက်ဈေးရှိတဲ့အတွက် နစ်နာမှုကြီးမားတယ်လို့စီးပွားရေးအသိုင်းအဝိုင်းဆီက အသံတွေထွက်လာကြပါတယ်။

ဒေါ်လာကို မြန်မာကျပ်ငွေနဲ့လဲလှယ်ဖို့ စစ်ကောင်စီက စာထုတ်ပြီး သိပ်မကြာခင်မှာပဲ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိပါဝင်တဲ့ ပြည်တွင်းကုမ္ပဏီ တွေရဲ့ ဘဏ်စာရင်းထဲက ဒေါ်လာတွေ မြန်မာကျပ်ငွေနဲ့ လဲလှယ်ခံလိုက်ရပါတယ်။

ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆို သူ့ကုမ္ပဏီဘဏ်အကောင့်ထဲမှာ ရှိတဲ့ အမေရိကန်ဒေါ်လာ တွေဟာ ညသန်းခေါင်မှာတင် ၁ ဒေါ်လာ ကျပ် ၁၈၅၀ နှုန်းနဲ့လဲထည့်ခံလိုက်ရတယ်လို့ ဖေ့ဘွတ်ခ်မှာရေးသားထားတာရှိပါတယ်။

ဘက်ပေါင်းစုံက အကြပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ နိုင်ငံခြားကို ဒေါ်လာစီးမထွက်ဖို့အတွက် နည်းမျိုးစုံနဲ့ပိတ်ဆို့နေတာပါ။

စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ပို့ကုန်၊သွင်းကုန်လုပ်ငန်းတွေ အခက်အခဲတွေ့စေမှာသေချာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်