Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် စစ်တပ်ပိုင်မြဝတီဘဏ်လုံခြုံရေးဘန်ကာနှင့် မီးသတ်ရုံးတို့ကိုတိုက်ခိုက်၊ စစ်ကောင်စီတပ်သားနှစ်ဦးသေ

“ စစ်ကောင်စီရဲ့ စီးပွားရေးကိုအသက်ပေးကာကွယ်နေတဲ့ ရဲနဲ့စစ်သားတွေကိုအကြောက်တရားတခုနဲ့ ဘဝတလျောက်လုံး နေထိုင်သွားရစေဖို့ တိုက်ခိုက်ခဲ့တာပါ” ဟု Kings Cobra Guerrilla Force – MDY မှ ဗိုလ်မြွေပွေးက ပြောသည်။

(မန္တလေးမြို့ရှိ အကြမ်းဖက်စစ်​ကောင်စီတပ်ပိုင် မြဝတီဘဏ်တစ်ခုအားတွေ့ရစဥ်(ပုံ​ဟောင်း) ဓါတ်ပုံ-CJ)
(မန္တလေးမြို့ရှိ အကြမ်းဖက်စစ်​ကောင်စီတပ်ပိုင် မြဝတီဘဏ်တစ်ခုအားတွေ့ရစဥ်(ပုံ​ဟောင်း) ဓါတ်ပုံ-CJ)

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်တပ်ပိုင် မြဝတီဘဏ်လုံခြုံရေးဘန်ကာနှင့် မီးသတ်ရုံးတို့ကို မန္တလေး UG တပ်ပေါင်းစုမှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Kings Cobra Guerrilla Force – MDY က ယနေ့(ဇူလိုင် ၁၇)အသိပေးထုတ်ပြန်သည်။

ပြည်ကြီးတံခွန်မြို့နယ် ၇၈ လမ်း၊ ၁၁၄ လမ်းနှင့် ၁၁၅ လမ်း၊မြဝတီမင်းကြီးလမ်းနှင့် သာယာဝတီလမ်းကြားရှိ အကြမ်း ဖက်စစ်ကောင်စီပိုင် မြဝတီဘဏ် အစောင့်လုံခြုံရေးဘန် ကာကို ညီနောင်မဟာမိတ်အဖွဲ့မှ ယမန်နေ့(ဇူလိုင် ၁၆)ည ၇ နာရီခွဲက ရှေ့ထွက်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် လုံခြုံရေးအစောင့်ဘန်ကာအတွင်းရှိ စစ်ကောင်စီတပ်သားနှစ်ဦး ထိ ခိုက်သေဆုံးသွားကြောင်း အသိပေးသည်။

“ စစ်ကောင်စီရဲ့ စီးပွားရေးကိုအသက်ပေးကာကွယ်နေတဲ့ ရဲနဲ့စစ်သားတွေကိုအကြောက်တရားတခုနဲ့ ဘဝတလျောက်လုံး နေထိုင်သွားရစေဖို့ တိုက်ခိုက်ခဲ့တာပါ” ဟု Kings Cobra Guerrilla Force – MDY မှ ဗိုလ်မြွေပွေးက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့(ဇူလိုင် ၁၆)ညပိုင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၉ (D)လမ်းနှင့် ၁၁၇ ကျန်စစ်သားလမ်းထောင့်ရှိ (ဃ)ရပ်ကွက် အရံမီးသတ်စခန်းအား တတိ ယအကြိမ်အဖြစ် ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ခိုက်ခံရမှုကြောင့် မီးသတ်ရုံး အဆောက်အဦးနှင့် ဒလန်တစ်ဦး၏ အိမ်စီးကားတို့ ထိခိုက်ပျက်စီးခဲ့ကြောင်းစုံစမ်းသိရှိရကြောင်း ဖော်ပြသည်။

“ ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာရှိတဲ့ အဖွဲ့စည်း လူပုဂ္ဂိုလ်မည် သူကိုမဆို ထိထိရောက်ရောက်အပြစ်ပေးသွားမှာပါ။ နမူနာအနေနဲ့ မီးသတ်ရုံး၊ အဲမီးသတ်ရုံးဟာ စစ်ကောင်စီသြဇာခံပြီး ရပ်ကွက်နေပြည်သူကို ဖိအားပေးချိန်းခြောက်နေတာပါ” ဟု ဗိုလ်မြွေပွေးက မှတ်ချက်ပေးသည်။

မီးသတ်ရုံးတိုက်ခိုက်မှုတွင် ဗုံးပေါက်ပြီးနောက် အဆိုပါရုံးအတွင်းမှ အကြမ်းဖက်စစ်တပ်လက်ကိုင်တုတ် ပျူစောထီးနှင့် ဒလန်တို့က တုတ်၊ ဓါးများကိုင်စွဲ၍ လိုက်လံဖမ်းဆီးခဲ့ကြသော်လည်း မဟာမိတ်ညီနောင်ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါတိုက်ခိုက်မှု စစ်ရေးလှုပ်ရှားမှုများကို Kings Cobra Guerrilla Force – MDY နှင့် MRRF ၊ MSF စသည့် MDY UG မဟာမိတ်တပ်ပေါင်းစုက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာကို စစ်အင်အားဖြည့်တဲ့ အာဏာသိမ်းစစ်တပ် က ဒေသတွင်း ကျေးရွာတခုဖြစ်တဲ့ လယ်သယ်ရွာကို မီးရှို့ခဲ့တာ​ကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်အိုးအိမ်ပျက်စီးပြီး ပညာသင်ကြားခွင့်ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ လက်တွေ့ဘ၀ဟာ ရင်ကွဲစရာလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မေးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ)ကင်အဲရစ်ကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ထိုးစစ်ဆင်လာတဲ့ စစ်တပ် အသေခံဒရုန်းတွေနဲ့တိုက်ခိုက်ခံရပြီး အထိနာနေတယ်လို့ AIF Myanmarတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၆၀)ကျော်အရွယ် သက်ကြီးရွယ်အို ၃ဦး သေဆုံးကာ ကလေးငယ် ၂ဦး အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

Facebook