Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံရဲ့ ငွေကြေးကဏ္ဍ နောက်ပြန်လှည့်နိုင်တယ်လို့ကမ္ဘာ့ဘဏ်သတိပေး

ဆက်တိုက်ဆိုသလိုပဲ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိပါတဲ့ ကုမ္ပဏီတွေရဲ့ နိုင်ငံခြားရေးငွေစာရင်းထဲမှာရှိတဲ့ ဒေါ်လာတွေကို ကျပ်ငွေနဲ့ အတင်းအဓမ္မလဲလှယ်တာတွေ စစ်ကောင်စီက လုပ်ဆောင်လာပါတယ်။

ဓာတ်ပုံ − Getty Images
ဓာတ်ပုံ − Getty Images

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍ ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေဆီနောက်ပြန်လှည့်နိုင်တဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ကြုံတွေ့နေရပြီလို့ ကမ္ဘာဘဏ်က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေကို ဇူလိုင်လ ၁၄ ရက်က အစီရင်ခံစာတစ်စောင်ထုတ်ပြန်လာတာပါ။

အဲဒီအစီရင်ခံစာထဲမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့တဲ့ ငွေရေးကြေးရေး ကဏ္ဍ ဆောင်ရွက်ချက်တွေဟာ ကိုဗစ် နဲ့ နိုင်ငံရေးအခြေအနေကြောင့် ရပ်တန့်သွားတာ ဒါမှမဟုတ်ရင် နောက်ပြန်လှည့်သွားနိုင်တယ်လို့သတိပေးထားတာတွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းရေးမှာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဘဏ္ဍာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုဟာ အရေးပါတဲ့ နေရာကနေပါဝင်ခဲ့တယ်လို့ကမ္ဘာ့ဘဏ်ကဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ငွေရေးကြေးရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူတိုင်းလမ်းလှမ်းမီရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာမှာ တည်ငြိမ်မှုရှိရေးနဲ့ လူထုရဲ့ ယုံကြည်မှုက အဓိကကျပြီး စစ်တပ်အာဏာသိမ်းထားတဲ့ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာ အဲဒီအချက် ၂ ချက်လုံး ရှိမနေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်တွေမှာ အလွယ်တကူငွေထုတ်မရတော့တာတွေရှိခဲ့ပါတယ်။

အဲဒီနောက်ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် လုပ်ငန်းရှင်တွေကို ပြည်ပချေးထားတဲ့ အကြွေး ဆပ်တာ ဆိုင်းငံထားဖို့ စစ်ကောင်စီက ညွှန်ကြားလာပါတယ်။

ဆက်တိုက်ဆိုသလိုပဲ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိပါတဲ့ ကုမ္ပဏီတွေရဲ့ နိုင်ငံခြားရေးငွေစာရင်းထဲမှာရှိတဲ့ ဒေါ်လာတွေကို ကျပ်ငွေနဲ့ အတင်းအဓမ္မလဲလှယ်တာတွေ စစ်ကောင်စီက လုပ်ဆောင်လာပါတယ်။

စီးပွားရေးလေ့လာဆန်းစစ်တဲ့သူတွေကတော့ စစ်ကောင်စီဟာ ဒေါ်လာပြတ်လပ်လာတာကြောင့် ဒေါ်လာကိုပြင်ပဆီ စီးမထွက်သွားဖို့ နည်းလမ်းမျိုးစုံနဲ့ လုံးပမ်းနေတာလို့သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ လာအို နိုင်ငံတွေမှာကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

မြန်မာ့ငွေကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိပြီး ပြည်သူများပိုမိုကြပ်တည်းလာကြောင်း ကမ္ဘာ့ဘဏ် ၏ စီးပွားရေးအစီရင်ခံစာသစ်တွင် ဖော်ပြသည်။

အတွေးအမြင်

မြန်မာက ကမ္ဘာမှာဗိုလ်စွဲပါပြီ။ ဘိတ်ချီးနေရာကိုထာဝရ ကန်ထရိုက်စွဲထားခဲ့တဲ့နိုင်ငံ၊ ဘယ်သွားသွား မျက်နှာအောက်ချရတဲ့နိုင်ငံ၊ တစ်ဦးချင်းဝင်ငွေကြည့်လည်းအောက်ဆုံးကနိုင်ငံ၊ ကျန်းမာရေး အခြေအနေကြည့်လည်း အောက်ဆုံးကနိုင်ငံ အခုတော့နံပါတ်တစ် နေရာကိုပိုင်ပိုင်နိုင်နိုင်ကြီးရသွား ပါပြီ။

သတင်း

မီးတောက်မီးလျှံတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် အစွမ်းပြရင်း ဖျော်ဖြေလေ့ရှိတဲ့ ထိုင်ဝမ်နိုင်ငံသား မီးတောက် ကချေသည် အမျိုးသား တစ်ဦးဟာ မြန်မာနိုင်ငံကို လူကုန်ကူး ခံခဲ့ရတဲ့နောက် အခုအခါ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။