Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခုခံစစ်အရှိန်မြင့်လာသည်နှင့်အမျှ စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းကျေပွန်ရေး အရေးကြီးဟု ယာယီသမ္မတ သတိပေး

စစ်ပွဲ၌ စစ်ရေးပီပီပြင်ပြင် ပြုမူတုန့်ပြန်ရသည်ကို လက်ခံနိုင်သော်လည်း စစ်ရေးကျင့်ဝတ်နှင့် မလျော်ညီသည်များကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခွင့်ပြု၍ မရကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။

ခုခံစစ်အရှိန်မြင့်လာသည်နှင့်အမျှ စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းကျေပွန်ရေး အရေးကြီးဟု ယာယီသမ္မတ သတိပေး
ခုခံစစ်အရှိန်မြင့်လာသည်နှင့်အမျှ စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းကျေပွန်ရေး အရေးကြီးဟု ယာယီသမ္မတ သတိပေး

▪️တော်လှန်ရေးအောင်ပွဲ၊ စစ်ရေးအောင်ပွဲနှင့် နိုင်ငံရေးဂုဏ်သိက္ခာကို ပူးတွဲရရှိအောင် ကြိုးပမ်းနေရဟု ပြော

ခုခံတော်လှန်စစ် အရှိန်အဟုန်မြင့်လာသည်နှင့်အမျှ စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ ကျေပွန်စေရေး အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

“အကြမ်းဖက် စစ်ကောင်စီကို အနိုင်ရချင်ဇောနဲ့ မိမိတို့ရဲ့ ခုခံတော်လှန်စစ်ရေးကျင့်ဝတ်တွေကို လျစ်လျူရှုတာမျိုးဟာ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ တော်လှန်ရေးခရီးတာရှည်လျားလာလေလေ၊ ကျွန်တော်တို့ရဲ့ တော်လှန်ရေးသတိနဲ့ နိုင်ငံရေး ရင့်ကျက်မှုတွေဟာ ပိုပြီး လိုအပ်လာလေလေဖြစ်ပါတယ်။ ဒါကို ဦးဆောင်သူတွေပဲ သိနားလည်ထားလို့ မရပါဘူး။ အောက်ခြေက ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေအထိ ပျံ့နှံ့ဖို့ လိုအပ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

ဇန်နဝါရီ ၂၃ရက်ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက စစ်ရေးဆိုင်ရာကျင့်ဝတ်စည်းကမ်းများ လိုက်နာစေရေး အရေးပါမှုကို အလေးထား ပြောကြားသည်။

Public Service Announcement

Public Service Announcement

“ခုခံတော်လှန်စစ်ရဲ့ စစ်ရေးအောင်ပွဲတွေဟာ နယ်မြေဒေသအသီးသီးမှာ၊ မတူသော အသွင်သဏ္ဍာန်တွေနဲ့ အောင်ပွဲရရှိနေတာကို အထင်အရှားတွေ့နေရပါတယ်။ ဒီလို ခုခံတော်လှန်စစ် အောင်ပွဲတွေ၊ တော်လှန်ရေး ဂုဏ်သိက္ခာ မြင့်မြင့်မားမားနဲ့ ပြည်သူ့ထံကို အပ်နှံတဲ့ တော်လှန်ရေးအောင်ပွဲတွေ ဖြစ်ဖို့လိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ယင်းသို့ စစ်ရေးဆိုင်ရာကျင့်ဝတ်စည်းကမ်းများ လိုက်နာရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်၌တိုက်ရိုက်မရှိသည့် LDF/ LPDF စသည့် ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများနှင့်လည်း သက်ဆိုင်သည်ဟု အသိပေးသည်။

နွေဦးတော်လှန်ရေးအတွင်း၌ အသစ်ပေါ်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရှိရာ စီနီယာတော်လှန်ရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်မှု၊ လမ်းညွှန်ပြသမှုကိုခံယူနိုင်သည့် အဖွဲ့များ ရှိထားသကဲ့သို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့များလည်းရှိကြောင်း ပြောပြသည်။

“တချို့သော အဖွဲ့အစည်းတွေဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ယှဉ်တွဲ ထိန်းကျောင်းမှုကို ခံယူပေမယ့် တချို့သော အဖွဲ့အစည်းတွေကတော့ နယ်မြေအားဖြင့် တစ်ဆက်တစ်စပ်တည်း မရှိဘဲ သီးခြားကင်းလွတ်နေတဲ့ ဒေသတွေမှာ လှုပ်ရှားနေတာမျိုးလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ အဆက်အသွယ် အားဖြင့် နီးကပ်ကြတယ်ဆိုပေမယ့် စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းလိုက်နာမှုမှာ အချိန်ကာလ တိုတောင်းလို့ ရင့်ကျက်မှုအားဖြင့် အချိန်ယူနေရသေးတာလည်း တွေ့ရပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

တော်လှန်ရေးအောင်ပွဲ၊ စစ်ရေးအောင်ပွဲနှင့် နိုင်ငံရေးဂုဏ်သိက္ခာကို ပူးတွဲ ရရှိအောင် ကြိုးစားနေရသည့် အခြေအနေရှိနေသည်ဟုလည်း ၎င်းက အသိပေးသည်။

“စစ်ရေးအရအောင်နိုင်ပေမယ့်၊ နိုင်ငံရေးအရ ရှုံးတဲ့ ဖြစ်စဉ်သာဓကတွေဟာ အတိတ်က နိုင်ငံတကာနိုင်ငံတွေရဲ့ တော်လှန်ရေးသာဓကတွေမှာ တွေ့မြင်ခဲ့ရတာ ရှိပါတယ်။ ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ကို မလွှဲသာ မရှောင်သာ ဆင်နွှဲနေရသည့်တိုင်အောင် နိုင်ငံရေးရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့ မရပါဘူး။ ဒါ့အပြင် နိုင်ငံရေးရဲ့ အခန်းကဏ္ဍနဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာဟန်ချက်ညီညီ အပြန်အလှန် ကျေးဇူးပြုရမှာ ဖြစ်တယ်ဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

စစ်ပွဲ၌ စစ်ရေးပီပီပြင်ပြင် ပြုမူတုန့်ပြန်ရသည်ကို လက်ခံနိုင်သော်လည်း စစ်ရေးကျင့်ဝတ်နှင့် မလျော်ညီသည်များကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခွင့်ပြု၍ မရကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။

“ဒါ့အပြင် စစ်ရေးစည်းကမ်းတွေနဲ့အညီ လိုက်နာ လုပ်ဆောင်ကြဖို့ အထူး အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ စစ်ရေးစည်းကမ်း ချိုးဖောက်လုပ်ဆောင်မှုတွေ ရှိရင်လည်း၊ ဥပဒေနဲ့အညီ ထိုက်တန်တဲ့ ပြစ်မှု ပြစ်ဒဏ်တွေကို ပေးဖို့ လိုတယ်။ လူကို ခင်လို့ မူကို ပြင်တာမျိုး မဖြစ်စေရပါဘူး”ဟု ယာယီသမ္မတက ပြောသည်။

ထို့ကြောင့် တော်လှန်ရေးအတွင်း၌ထားသည့် မူအတိုင်း စည်းမျဉ်းအတိုင်းလိုက်နာနိုင်ရေး အထူးကြပ်မတ်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။