Connect with us

Hi, what are you looking for?

သတင်း

မြဝတီဘဏ် လုံခြုံရေးဂိတ်နဲ့ ပျုစောထီးတွေအခြေချရာ မီးသတ်စခန်း ဗုံးပစ်ခံရ

အဲဒီနောက် ၁၁၇ လမ်းနဲ့ ၅၉D လမ်းမှာရှိတဲ့ ပျုစောထီးအဖွဲ့ဝင်တွေ အခြေချရာ မီးသတ်ရုံးကိုလည်း ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း မန္တလေးမှာဖြစ်ပွားတဲ့ ပေါက်ကွဲမှုကိုတွေ့ရစဉ်(ပုံဟောင်း)
ပြီးခဲ့တဲ့ မတ်လအတွင်း မန္တလေးမှာဖြစ်ပွားတဲ့ ပေါက်ကွဲမှုကိုတွေ့ရစဉ်(ပုံဟောင်း)

မန္တလေးမြို့က စစ်တပ်ပိုင်မြဝတီဘဏ်ရဲ့ အစောင့်ဂိတ်နဲ့ မီးသတ်ရုံးကို လက်ပစ်ဗုံးနဲ့ မနေ့ကညပိုင်းမှာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကြားအဖွဲ့ တွေဖြစ်တဲ့ K.C.G.F – MRRF – MSMF – (MDY-UG တပ်ပေါင်းစု)က ထုတ်ပြန်လာပါတယ်။

မနေ့ကညပိုင်း ၈ နာရီလောက်မှာ ပြည်ကြီးတံခွန်မြို့နယ် ၊ကျွဲဆည်ကန်အနီးက မြဝတီဘဏ် ရဲ့ စစ်ကောင်စီလုံခြုံရေးဂိတ်ကို ဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement
Public Service Announcement

အဲဒီနောက် ၁၁၇ လမ်းနဲ့ ၅၉D လမ်းမှာရှိတဲ့ ပျုစောထီးအဖွဲ့ဝင်တွေ အခြေချရာ မီးသတ်ရုံးကိုလည်း ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ရေနံတင်ပို့မှုမှာ အဓိက အကျဆုံး မဟာဗျူဟာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ထားနိုင်ဖို့ မဟာမိတ် နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ခံစစ်အားပြု စစ်ရေးမစ်ရှင်တစ်ခု စီစဉ်နေကြောင်း ပြင်သစ် သမ္မတက ပြောကြားလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ၇၃ လမ်းရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွက် လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေက ရုံးရှေ့ရလမ်းအတွင်း ဝင်လာတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့နောက်လိုက် ပျူစောထီးအမျိုးသမီး ၃ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထနောင်းမြေစစ်ကြောင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။