Connect with us

Hi, what are you looking for?

သတင်း

လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ဗိုလ်ကြီးအဆင့်ရှိသူ အောင်နိုင်ဖြိုးနှင့်၎င်း၏ဇနီး ပစ်သတ်ခံရ

မကြာသေးမီလပိုင်းက မြို့ပြစစ်ဆင်ရေးများ အရှိန်မြှင့်တော့မည်ဟု တော်လှန်ရေးအင်အားစုများ၏ ကြေညာပြီးနောက် ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ်မှအရာရှိအဆင့်တစ်ဦး သေဆုံးခဲ့သည်။

People's Spring
People's Spring

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ အောင်နိုင်ဖြိုးနှင့် ၎င်း၏ ဇနီးပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇူလိုင် ၁၈ ရက်) နံနက် ၉ နာရီခွဲခန့်က လှိုင်မြို့နယ်ပိတောက်ချောင်း၊ (၂) ရပ်ကွက်၊ ဘုရင့်နောင် (၉) လမ်းတွင် ပစ်သတ်ခံရခြင်းဟု ဆိုသည်။

“သူတို့နေတာက ဘုရင့်နောင် (၄)လမ်းထဲမှာလို့ပြောတယ်။ ကားနဲ့ထွက်လာတဲ့အချိန် ဘုရင့်နောင် (၉)လမ်းထဲမှာ ပစ်သတ်ခံရတာ”ဟု လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းပေ့ချ် များ၏ အဆိုအရ သေနတ်ဖြင့် ငါးချက်အနီးကပ်ပစ်ခတ်သဖြင့် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့်မဂျူးဂျူးအောင်တို့တွင် လည်ပင်းနှင့်နား ထင်ကျည်ထိမှန်ဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီလပိုင်းက မြို့ပြစစ်ဆင်ရေးများ အရှိန်မြှင့်တော့မည်ဟု တော်လှန်ရေးအင်အားစုများ၏ ကြေညာပြီးနောက် ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ်မှအရာရှိအဆင့်တစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း မရမ်းကုန်း၊ရွှေပြည်သာ၊ မြောက်ဒဂုံမြို့နယ်တို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်သားအချို့ကို မြို့ပြပြောက်ကျားအဖွဲ့များက ရှင်းလင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်