Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ယခုထက်ပိုမိုပါဝင်လာတော့မည်ဟု NUG ကာကွယ်ရေးဝန်ကြီးသတင်းစကားပါး

တော်လှန်ရေးခရီးကြမ်းကို ပြည်သူလူထုအားဖြင့် လက်ရှိအခြေအနေအထိရောက်ရှိလာပြီဖြစ်၍ အဆုံးအထိ အောင်မြင်အောင်လုပ်ဆောင်ရန်သာ လိုအပ်တော့ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းသည်။

NUG ယာယီသမ္မတနှင့် PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-NUG
NUG ယာယီသမ္မတနှင့် PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-NUG

●ညီညွတ်ရေးအတွက် အစွမ်းရှိသမျှ ကြိုးစားနေပြီး ဗျူဟာမြောက်ရွှေ့ကွက်များလာတော့မည်ဟု ဦးမင်းကိုနိုင်ပြော

လက်ရှိပြည်သူ့တော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ယခုထက်ပိုမိုကာ ထဲထဲ ဝင်ဝင်ဆောင်ရွက်လာရန် ရှိနေပြီဟု NUG ကာကွယ်ရေးဝန်ကြီးက သတင်းစကားပါးသည်။

ယမန်နေ့က အွန်လိုင်းမှတဆင့်ပြုလုပ်သည့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာများနှင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တော်လှန်ရေးခေါင်းဆောင်များတွေ့ဆုံပွဲ Townhall meeting ၌ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိတော်လှန်ရေး တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် မျိုးဆက်အားလုံး၊ လက်နက်ကိုင်အင်အားစုအားလုံး စုစည်းမိနေပြီဖြစ်ကြောင်း ဆက်ပြောသည်။

“ပြောမယ်ဆိုရင် တော်လှန်ရေးအောင်ဖို့အတွက် မြေခံ၊ ရေခံ ကောင်းတွေအားလုံးရှိနေပြီလို့ ကျွန်တော်တို့ ယုံကြည်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ရှေ့ဆက်ကြတဲ့အခါ ခြေလှမ်းမှန်လည်း မှန်ရမယ်။ မြန်လည်း မြန်ရမယ်။ အမြန်ဆုံး စစ်အာဏာ ရှင်စနစ်ကို ဖယ်ရှားနိုင်ဖို့အတွက် မှန်ကန်တဲ့ခြေလှမ်းတွေနဲ့ ရှေ့ဆက်သွားကြဖို့ လိုပါလိမ့်မယ်” ဟု ဝန်ကြီးဦးရည်မွန်က ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း ယခုကဲ့သို့အရေးကြီးသည့်အချိန် တွင် ညီညွတ်ရေးအတွက် အစွမ်းရှိသမျှ ကြိုးစားနေပြီး ဗျူဟာမြောက်ရွှေ့ကွက်များလာတော့ မည်ဟု အထက်ပါတွေ့ဆုံပွဲ၌ ပြောသည်။

Public Service Announcement

Public Service Announcement

မန္တ​လေးတိုင်းပြည်သူ့ကာကွယ်​ရေး​တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MPDF
မန္တ​လေးတိုင်းပြည်သူ့ကာကွယ်​ရေး​တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MPDF

“ဒီတော်လှန်ရေးမှာ အရေးပါတဲ့အဖွဲ့အစည်း အသီးသီးတွေ၊ အဲဒီက ခေါင်းဆောင်တွေနဲ့ ဒီလောက်ဆို အား လုံးလည်း သိပါတယ်။ အားလုံးကို ထိတွေ့ဆက်ဆံပြီးတော့ ဒီတော်လှန်ရေးကို အပြီးသတ်အောင်ပွဲရောက်အထိ ဘယ်လိုနွှဲမလဲဆိုတာကို၊ ပွဲသိမ်း ရွှေ့ကွက်တွေကို ကျွန်တော်တို့ စွမ်းအားရှိသမျှ ညီညွတ်ရေးကို စွမ်းသမျှကို တည်ဆောက်ပြီးတော့ လုပ်နေပါတယ်။ အဲဒါတွေအတွက်လည်း အသီး အပွင့်တွေ မြင်ရမှာပါ” ဟု ဦးမင်းကိုနိုင်က ပြောသည်။

တော်လှန်ရေးနောက်တဆင့်တက်လှမ်းမည့် ဗျူဟာမြောက်ရွှေ့ကွက်အတွက် ပြည်သူလူထုက ပြင်ဆင်ထားကြရန် တိုက်တွန်းပြီး လက်ရှိအချိန်အထိ ပြည်သူလူထု ထည့်ဝင်လာခဲ့သည့် လုပ် များ၊ တန်ဖိုးများသည် တစ်ခုမျှ အချည်းအနှီးဖြစ်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

တော်လှန်ရေးခရီးကြမ်းကို ပြည်သူလူထုအားဖြင့် လက်ရှိအခြေအနေအထိရောက်ရှိလာပြီဖြစ်၍ အဆုံးအထိ အောင်မြင်အောင်လုပ်ဆောင်ရန်သာ လိုအပ်တော့ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းသည်။

ထို့အပြင် ဘက်ပေါင်းစုံတွင် ယိုင်နဲ့ချိနဲ့နေပြီဖြစ်သော စစ်ကောင်စီကိုအပြီးတိုင် ဖြိုလှဲချရန် လက် ရှိအချိန်သည် အကောင်းဆုံးအချိန်ဖြစ်သည်ဟုလည်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

“အမှန်တရားကို မြတ်နိုး ပြီး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေး ဆင်နွှဲနေတဲ့ ပြည်သူတွေ အနိုင်ရမယ်ဆိုတာ ရဲရဲ ဝံ့ဝံ့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အားလုံး ဒီစိတ်နဲ့ပဲ နေ့တိုင်း အလုပ်လုပ်နေကြပါတယ်” ဟုNUGပြည်ထောင်စုဝန်ကြီးချုပ်က​ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook