Connect with us

Hi, what are you looking for?

သတင်း

အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ

ဒီနှစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်အချုပ်ထောင်ထဲ ထည့်ထားပြီး အာဇာနည်နေ့ကို စစ်အုပ်စုကဖြတ်သန်းစေတာပါ။

အာဇာနည်နေ့ခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ
အာဇာနည်နေ့ခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ

ဒီနေ့မှာကျရောက်တဲ့ ၇၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းမိသားစုနဲ့ ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခဲ့တာမရှိတာကိုတွေ့ရပါတယ်။

ဦးဘဝင်းဟာ ဗိုလ်ချုပ်ရဲ့အကိုအကြီးဆုံးဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ချိန်မှာ လုပ်ကြံခံရတာပါ။

စစ်ကောင်စီက စီစဉ်တဲ့ ဒီနေ့အာဇာနည်နေ့အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းမိသားစုကိုယ်စားနဲ့ ဦးဘဝင်း မိသားစုကိုယ်စား စစ်ကောင်စီရဲ့ အခမ်းအနားကျင်းပရေး ဆပ်မကော်မတီဝင် တစ်ဦးစီက ပန်းခွေချခဲ့ပါတယ်။

အာဇာနည်နေ့ခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ
အာဇာနည်နေ့ခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ

ဒီလိုလွမ်းသူပန်းခွေချရာမှာလည်း ဗိုလ်ချုပ်အတွက် ပန်းခွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည် ထည့်သွင်းဖော်ပြတာမရှိပါဘူး။

Public Service Announcement

Public Service Announcement

နိုင်ငံရေးအကဲခတ်တွေကတော့ အာဏာသိမ်းစစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို လူမြင်ကွင်းရှေ့ ပေါ်ထွက်လာမှာကို မလိုလားတဲ့အတွက် တမင်ဖျောက်ထားပုံရတယ်လို့သုံးသပ်ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်က အာဇာနည်နေ့အခမ်းအနားမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့မြင်ရတာမရှိပါဘူး။

အာဇာနည်နေ့ခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ
အာဇာနည်နေ့ခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ

ဒီနှစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်အချုပ်ထောင်ထဲ ထည့်ထားပြီး အာဇာနည်နေ့ကို စစ်အုပ်စုကဖြတ်သန်းစေတာပါ။

ဒီနေ့ အာဇာနည်နေ့အခမ်းအနားကို စစ်အုပ်စုရဲ့ ဒုတိယခေါင်းဆောင် အရပ်ဝတ်နဲ့တက်ရောက်လာတာတွေ့ရပါတယ်။

အာဇာနည်နေ့အခမ်းအနားမတိုင်ခင်ကတည်းက ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။