Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်တွင် PDF နှစ်ဖွဲ့က အာဇာနည်​နေ့အခမ်းအနားများကျင်းပ

ကျဆုံးသွားသော အာဇာနည်ကိုးဦးသာမကခေတ်အဆက်ဆက် တော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်း အားလုံးကို အလေးနီပြုအပ်ကြောင်း၊ အာဇာနည်တို့ထုံး နှလုံးမူ၍ မပြီးပြတ်သေးသောပြည်သူ့တော်လှန်ရေးကို အဆုံးထိ ဆင်နွှဲကြရန် ဝက်လက်PDFကတိုက်တွန်းခဲ့သည်။

(ဝက်လက် PDF နှင့် Tiger King ​ပြောက်ကျားတပ်ဖွဲ့တို့ကအာဇာနည်​နေ့အခမ်းအနားကျင်းပနေစဥ်။ ဓါတ်ပုံ-Tiger King ၊ဝက်လက် PDF)
(ဝက်လက် PDF နှင့် Tiger King ​ပြောက်ကျားတပ်ဖွဲ့တို့ကအာဇာနည်​နေ့အခမ်းအနားကျင်းပနေစဥ်။ ဓါတ်ပုံ-Tiger King ၊ဝက်လက် PDF)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် Tiger King ပြောက်ကျားတပ်ဖွဲ့ နှင့် ဝက်လက် PDF တို့က ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားအား ဝက်လက်နယ်တစ်နေရာစီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြပြီး Tiger King ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်နှင့် တပ်ရင်းမှုးတို့ကလည်း ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့သည်။

(ဝက်လက် PDF နှင့် Tiger King ​ပြောက်ကျားတပ်ဖွဲ့တို့ကအာဇာနည်​နေ့အခမ်းအနားကျင်းပနေစဥ်။ ဓါတ်ပုံ-Tiger King ၊ဝက်လက် PDF)
(ဝက်လက် PDF နှင့် Tiger King ​ပြောက်ကျားတပ်ဖွဲ့တို့ကအာဇာနည်​နေ့အခမ်းအနားကျင်းပနေစဥ်။ ဓါတ်ပုံ-Tiger King ၊ဝက်လက် PDF)

အဆိုပါမိန့်ခွန်းတွင် “ကျွန်တော်တို့မှာ တကယ်တမ်း အာဇာနည်ဟာ ၉ ဦးမကတော့ပါဘူး။ ကျွန်တော်တို့ရဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်နိုင်ရန် ကြိုးပမ်းရင်း ကျဆုံးခဲ့ကြရသော အာဇာနည် သူရဲကောင်းအပေါင်းအား အစဥ်အမြဲ အလေးနီပြု ဦးညွှတ်လျက် ဒီတော်လှန်ရေးကြီးတွင် အဆုံးတိုင် မဆုတ်မနစ်သော ဇွဲဖြင့် တော်လှန်သွားပါမည်ဟု အဖွဲ့သားများက ကတိသစ္စာပြုအပ်ပါသည်။”ဟု Tiger King ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အလားတူဝက်လက်မြို့နယ် PDF တပ်ရင်း(၂)က ဦးဆောင်ကျင်းပသော ၇၅ကြိမ်မြောက် အာဇာနည်နေ့အောက်မေ့ဖွယ် အခမ်းအနားအား ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ (၁)၊ ဝက်လက်မြို့နယ် ကျေးရွာ ပ.က.ဖ များ၊ဝက်လက်မြို့နယ် ပ.က.ဖ တာဝန်ခံ၊ဝက်လက်မြို့နယ် ပ.လ.ဖ တာဝန်ခံ၊ဝက်လက်မြို့နယ် ပ.အ.ဖ တာဝန်ခံ၊ ဝက်လက်မြို့နယ် ပညာရေးတာဝန်ခံ နှင့် ဝက်လက်မြို့နယ် တိုက်နယ် ပ.က.ဖ တာဝန်ခံများ တက်ရောက်အလေးပြုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားသော အာဇာနည်ကိုးဦးသာမကခေတ်အဆက်ဆက် တော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်း အားလုံးကို အလေးနီပြုအပ်ကြောင်း၊ အာဇာနည်တို့ထုံး နှလုံးမူ၍ မပြီးပြတ်သေးသောပြည်သူ့တော်လှန်ရေးကို အဆုံးထိ ဆင်နွှဲကြရန် ဝက်လက်PDFကတိုက်တွန်းခဲ့သည်။

ယနေ့ ၇၅နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့်အဖွဲ့အစည်းအသီးသီးကလည်း ၎င်းတို့နယ်မြေများတွင် ကျင်းပပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ