Connect with us

Hi, what are you looking for?

သတင်း

ကမ်းပြိုတိုက်ပွဲတွင် စစ်​ကောင်စီတပ်​ရေယာဥ်အုပ်စု၏ ပျက်စီးခဲ့​သော​ ရေယာဥ်​ပေါ်မှ ခဲယမ်းနှင့် စစ်အသုံးအ​ဆောင်ပစ္စည်းများကို PDFများ သိမ်းဆည်းရရှိ

“တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

(စစ်​ကောင်စီတပ်​ရေယာဥ်အုပ်စု​ပေါ်မှ သိမ်းဆည်းရရှိ​သောခဲယမ်းမီး​ကျောက်နှင့်စစ်တပ်သုံးပစ္စည်းများ။ဓါတ်ပုံ-KPDF)
(စစ်​ကောင်စီတပ်​ရေယာဥ်အုပ်စု​ပေါ်မှ သိမ်းဆည်းရရှိ​သောခဲယမ်းမီး​ကျောက်နှင့်စစ်တပ်သုံးပစ္စည်းများ။ဓါတ်ပုံ-KPDF)

ချင်းတွင်းမြစ်ကြောင်း အထက်ပိုင်းသို့ ဆန်တက်လာသောစစ်​ကောင်စီရေယာဉ်အုပ်စုကို ​ဒေသတွင်း PDF များက​စောင့်ကြို တိုက်ခိုက်​နေရာ ကမ်းပြိုတိုက်ပွဲအတွင်းထိ့ခိုက်ပျက်စီးသွား​သော စစ်​ကောင်စီ​ရေယာဥ်တစ်စီး​ပေါ်မှ​​မျောပါလာ​သောခဲယမ်းများနှင့်စစ်အသုံးအ​​ဆောင်ပစ္စည်းများစွာကိုသိမ်းဆည်းနိုင်ခဲ့​ကြောင်းဗိုလ်နုတ်ခမ်းမွှေးနှင့်ရဲဘော်များKPDFက သတင်းထုတ်ပြန်သည်။

၆၀ မမ (၂)လုံး၊ 5.56 ကျည် 280 တောင့်၊ ၆၀ မမ နောက်ရိုက်ဒန်ကတ်သီး(၁၀)လုံး၊ ( 76th Anniversary Fire-Services Department) စာတန်းပါသော မိုးကာအင်္ကျီ အထည် ၁၅၀ ခန့်၊ တပ်မ(၅၅)တံဆိပ်ပါ စစ်အင်္ကျီများ၊ စစ်ဖိနပ်များ၊ စားသုံးဆီ (၃)ပုံး၊ အမျိုးအမည်မသိရသေးသော ပေပါ (၅)လုံး၊စစ်တပ်သုံး ကျောပိုးခြင်းကျားများ၊စစ်တပ်ထုတ် ရွှေဖီဦးလ္ဘက်ရည်ထုတ်များ၊စစ်​ကောင်စီတပ်သားများအတွက်သာ စာတန်းပါ‌ဝင်သောဆေးဝါးပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့်အခြားစစ်တပ်အသုံးဆောင်ပစ္စည်း အများအပြားအား ယ​နေ့ (ဇူလိုင် ၁၉)ဆယ်ယူသိမ်းဆည်းရရှိခဲ့​ကြောင်း​ဖော်ပြထားသည်။

ဇူလိုင် ၁၈ ရက် ​မွန်းလွဲ ၁ နာရီခန့်တွင် ဗိုလ်နုတ်ခမ်းမွှေးနှင့်ရဲဘော်များအဖွဲ့ကကမ်းပြိုတွင်နာရီဝက်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲတွင်စစ်​ကောင်စီ​ရေယာဥ်အုပ်စုအတွင်းထိခိုက်ပျက်စီးမှုများသော ရေယာဉ်တစ်စီးပေါ်မှ ပစ္စည်းများမျောပါလာခဲ့ခြင်းဖြစ်ပြီး ဗိုလ်နှုတ်ခမ်းမွှေးနှင့်ရဲဘော်များကင်းထောက်အဖွဲ့မှ သတင်းပေးပို့မှုအရ ရဲဘော်များဝိုင်းဝန်းဆယ်ယူရရှိခဲ့​ကြောင်းသတင်းထုတ်ပြန်ထားသည်။


ဇူလိုင် ၁၈ ရက်မှစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ်ကမ်းမှစတင်ထွက်ခွာလာသည့် စစ်ကောင်စီ၏ရေယာဥ်အုပ်စုတွင်အမြန်ယဥ်စစ်သဘော်ကင်းထောက်ဘုတ်နှစ်စီးအပါအဝင်ရေယာဥ် ၁၃ စီး နှင့် စစ်သားအင်အား ၁၀၀ ကျော်ပါဝင်​ပြီးချင်းတွင်းမြစ်အ​ထက်ပိုင်းသို့ ဆက်တက်လာ​နေ​ကြောင်း ​ဒေသတွင်းPDFများကသတိ​ပေးထားသည်။ထို ရေယာဥ်အုပ်စုသည် စစ်ကိုင်းအထက်ပိုင်းရှိခန္တီးနှင့် ဟုမ္မလင်း မြို့ သို့ စစ်ကောင်စီက လက်နက်ခဲယမ်း ရိက္ခာ များကိုပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သ င်္ဘောတစ်စီးနှင့်ပြောက်ကျားစစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်း ၌ဇူလိုင် ပထမ ပတ်တည်းက တပ်စွဲ ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါရေယာဥ်အုပ်စုကို ယမန်နေ့(ဇူလိုင်၁၈) နံနက် ၅နာရီ ခန့်က မိနစ် ၃၀ ကြာ တိုက်ခိုက်မှု၌ ချိုင်ရွာအနီးရောက်မော်တော်တစ်စီးမှာ PDF များကလက်လုပ်၉၀မမဖြင့်ပစ်ခန်တိုက်ခိုက်ရာထိမှန်ရာနစ်မြုပ်သွားပြီး ခဲယမ်းကျည်အချို့ ရရှိကြောင်းလည်းသိရသည်။

အလားတူယနေ့(ဇူလိုင် ၁၉ ရက်)နေ့လည် ၂နာရီခန့်ကစ၍ကနီမြို့နယ်အပိုင် နတ်ကြီး နှင့် ငါးဖျက် ရွာ တို့ အကြားPDF များကသုံးကြိမ်တိုင်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ​သေဆုံးထိခိုက်မှုများရှိခဲ့​ကြောင်းကျောက်လုံးကြီး PDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

“တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ချင်းတွင်းမြစ်အထက်ဆန်တက်လာ​သောစစ်​ကောင်စီ​တပ်ရေယာဥ်အုပ်စုကို ​ဒေသခံPDFများက​စောင့်ကြိုတိုက်ခိုက်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ