Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာပိတ်ပင်တားမြစ်ထားသောလူသတ်မြေမြှုပ်မိုင်းများအသုံးပြုခြင်းဖြင့် မြန်မာစစ်တပ် စစ်ရာဇဝတ်မှုများကျူးလွန်နေဟု AI ထုတ်ပြန်

AI သုတေသနပြုစုသူများသည် ဇွန် ၂၅ မှ ဇူလိုင် ၈ ရက်အထိ ကရင်နီပြည် ဒီမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော် မြို့နယ်တို့ရှိ ပြည်သူ ၄၃ ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီး အဆိုပါဒေသများတွင် စစ်တပ်နှင့် ကရင်နီလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေခဲ့ခြင်းဖြစ်သည်။

(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်က​ထောင်ထား​သော​မြေမြှပ်မိုင်းKNDFတပ်ဖွဲ့ဝင်များကရှင်းလင်းပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF)
(ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်က​ထောင်ထား​သော​မြေမြှပ်မိုင်းKNDFတပ်ဖွဲ့ဝင်များကရှင်းလင်းပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF)

မြန်မာစစ်တပ်သည် ကယား(ကရင်နီ)ပြည်နယ်ရှိ ကျေးရွားများအတွင်းနှင့်အနီးပတ်ဝန်းကျင်တွင် လူသတ်မြေမြှုပ်မိုင်းများချထားခြင်းဖြင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)က ယနေ့ထုတ်ပြန်သည်။

ကရင်နီပြည်၏ ပဋိပက္ခဒဏ်ခံစားနေရသည့် ဒေသများသို့ မြေပြင်ကွင်းဆင်းစုံစမ်းဖော်ထုတ်မှု အပြီး AI က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာစစ်တပ်အသုံးပြုသော မြေမြှုပ်မိုင်းများသည် နိုင်ငံတကာက တားမြစ်ပိတ်ပင်ထားသော စစ်လက်နက်များဖြစ်သည်ဟု​ဖော်ပြထားသည်။

မြန်မာစစ်တပ်ချထားသော မြေမြှုပ်မိုင်းများသည် အရပ်သားပြည်သူများကို သေဆုံးခြင်းနှင့် ပြင်း ထန်စွာဒဏ်ရာရရှိခြင်းဖြစ်ပေါ်စေပြီး နေရပ်စွန့်ခွာသူများ၏ နေရပ်ပြန်ရေးနှင့် ၎င်းတို့၏မြေယာပေါ်တွင်ပြန်လည် စိုက်ပျိုးနိုင်ခွင့်အပါအဝင် ရေရှည်မကောင်းသည့်အကျိုးဆက်များကိုခံစားရနိုင် ကြောင်း AI ၏ အစီရင်ခံစာ၌ ပါရှိသည်။

“မြန်မာစစ်တပ်ရဲ့မြေမြှုပ်မိုင်းအသုံးပြုခြင်းက စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းပြီး ရက်စက်ယုတ်မာပါတယ်။ ကမ္ဘာကြီးကဒီလိုအဆင်ခြင်မဲ့လက်နက်တွေကို အလုံးစုံတားမြစ်ထားချိန်မှာ (မြန်မာ) စစ်တပ်က ပြည်သူတွေရဲ့ ခြံဝန်းထဲ၊ အိမ်ထဲ၊ လှေခါးခွင်ထဲ၊ ဘုရားကျောင်းအနီးအထိ မိုင်းထောင် နေပါတယ်” ဟု AI ပဋိပက္ခတုံ့ပြန်ရေး ဒုတိယအကြီးအကဲ Matt Wells က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး “မြန်မာပြည်တဝန်း အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကမ္ဘာကြီးက အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရပါမယ်။ ကမ္ဘာတဝန်းရှိ နိုင်ငံတွေအားလုံးအနေနဲ့လည်း မြန်မာစစ်တပ်ထံ လက်နက်စီးဆင်းမှုကို ဖြတ်တောက်ပြီး စစ် ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူအားလုံး တရားမျှတမှုနဲ့ ရင်ဆိုင်ရရေး ကြိုးပမ်းမှုမှန်သမျှကို အားပေးထောက်ပံ့ရပါမယ်” ဟု ၎င်းက တိုက်တွန်းသည်။

AI သုတေသနပြုစုသူများသည် ဇွန် ၂၅ မှ ဇူလိုင် ၈ ရက်အထိ ကရင်နီပြည် ဒီမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော် မြို့နယ်တို့ရှိ ပြည်သူ ၄၃ ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီး အဆိုပါဒေသများတွင် စစ်တပ်နှင့် ကရင်နီလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေခဲ့ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေနှင့် နိုင်ငံပေါင်း ၁၆၄ နိုင်ငံ လက်မှတ်ရေးထိုးပါဝင်ထားသော ၁၉၉၇ မိုင်းတားမြစ်ပိတ်ပင်ရေးစာချုပ်အရ အသုံးပြုခွင့်မရှိသော M-14 နှင့် MM-2 အပါအဝင် လူသတ်မြေမြှုပ်မိုင်းများကို မြန်မာစစ်တပ်က အသုံးပြုနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတကာမှ အ​ရေးယူ​ဆောင်ရွက်မှုများပြုလုပ်ရန် အထူးလိုအပ်​နေဟုတိုက်တွန်း

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။