Connect with us

Hi, what are you looking for?

သတင်း

ပြင်သစ်ရေနံကုမ္ပဏီကြီး တိုတယ် မြန်မာနိုင်ငံကနေ အပြီးတိုင်ထွက်ခွာ

တိုတယ် နဲ့ ရှက်ဗရွန်ထွက်ခွာသွားပြီးနောက် ထိုင်း PTTEP က စီမံကိန်းလည်ပတ်မှုကို ဦးဆောင်သူ ဖြစ်လာပါတယ်။

ပြင်သစ်ရေနံကုမ္ပဏီကြီး တိုတယ် မြန်မာနိုင်ငံကနေ အပြီးတိုင်ထွက်ခွာ
ပြင်သစ်ရေနံကုမ္ပဏီကြီး တိုတယ် မြန်မာနိုင်ငံကနေ အပြီးတိုင်ထွက်ခွာ

စစ်အာဏာသိမ်းပြီးနောက်ဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် ပြင်သစ်ရေနံကုမ္ပဏီကြီး တိုတယ် ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ မြန်မာနိုင်ငံကနေ အပြီးပြတ်ထွက်ခွာပြီလို့ ကုမ္ပဏီဘက်ကကြေညာချက်ထုတ်ပြန်အသိပေးလိုက်ပါတယ်။

အာဏာသိမ်းမှုနောက်ဆက်တွဲ စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် တိုတယ်ဟာ ရတနာဓာတ်ငွေ့စီမံကိန်းကနေ နောက် ၆ လကြာရင် အပြီးတိုင်နှုတ်ထွက်မယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဆုံးဖြတ်ခဲ့တာပါ။

မထွက်ခွာမီ ၆ လတာကာလအတွင်း ရှယ်ယာလွှဲပြောင်းရောင်းချတာတွေ ပြုလုပ်ခဲ့ပြီး ဒီနေ့မှာ တော့ ရတနာဓာတ်ငွေ့စီမံကိန်းမှာ ရှယ်ယာပိုင်ဆိုင်သူ ၊ အော်ပရေတာ အဖြစ်ကနေ အပြီးတိုင်နှုတ်ထွက်သွားတာလို့သိရပါတယ်။

တိုတယ်ရဲ့ ရှယ်ယာတွေကို ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက ဝယ်ယူခဲ့တာပါ။ တိုတယ်ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံက ဝန်ထမ်းတွေဟာ အော်ပရေတာအသစ်လက်အောက်မှာ အရင်ရာထူးနဲ့လစာအတိုင်းခံစာခွင့်ရမှာဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရတနာဓာတ်ငွေ့စီမံကိန်းဟာ သက်တမ်း ၂၅ နှစ်ကျော်ကြာပြီဖြစ်ပြီး စီမံကိန်းမှာ တိုတယ်ကုမ္ပဏီက ၃၁ ဒသမ ၂၄ ရာခိုင်နှုန်း ၊ အမေရိကန်ရေနံကုမ္ပဏီ ရှက်ဗရွန် က ၂၈ ဒသမ ၂၆ ရာခိုင်နှုန်း ၊ ထိုင်းနိုင်ငံပိုင် PTTEP က ၂၅ ဒသမ ၅ ရာခိုင်နှုန်း နဲ့ မြန်မာ့ရေနံနဲ့စွမ်းအင်က ၁၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြတာပါ။

တိုတယ် နဲ့ ရှက်ဗရွန်ထွက်ခွာသွားပြီးနောက် ထိုင်း PTTEP က စီမံကိန်းလည်ပတ်မှုကို ဦးဆောင်သူ ဖြစ်လာပါတယ်။

ဒါအပြင် တိုတယ်ကုမ္ပဏီထွက်ခွာသွားပေမယ့် စစ်ကောင်စီဟာ PTTEP ထံကနေ ဝင်ငွေ ဆက်လက်ရရှိနေဦးမှာပါ။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီး (HRW) ရဲ့ ထုတ်ပြန်ချက်အရ စစ်အုပ်စုဟာ ရတနာ ၊ရဲတံခွန်နဲ့ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းတွေကနေ နှစ်စဉ်အမေရိကန် ဒေါ်လာ တစ်ဘီလီယံကျော်ရရှိနေပြီး ငွေဝင်ပေါက်အကြီးမားဆုံးလည်းဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...

နိုင်ငံတကာ

ပြင်သစ်ဆီက တိုက်လေယာဉ် ၁၆ စီး ဝယ်ယူဖို့ ယူကရိန်းက စီစဉ်နေကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။