Connect with us

Hi, what are you looking for?

သတင်း

ဆော – ဆိပ်ဖြူလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ဒေသတွင်းတိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်သဖြင့် ယခုရက်ပိုင်းအတွင်း ဆော – ဆိပ်ဖြူလမ်းပိုင်းကိုလည်း အသုံးမပြုရန်ဒေသကာကွယ်ရေးတပ်များက သတိပေးထားသည်။

(စစ်ကောင်စီတပ်ကို မိုင်းဆွဲခဲ့သည့် နေရာအား တွေ့ရစဥ်။ဓာတ်ပုံ - PDF Chauk)
(စစ်ကောင်စီတပ်ကို မိုင်းဆွဲခဲ့သည့် နေရာအား တွေ့ရစဥ်။ဓာတ်ပုံ - PDF Chauk)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဆော – ဆိပ်ဖြူလမ်းပိုင်းပေါ်ရှိ အိုင်ကြီးရွာ နှင့် ဖလံမ​ကျေးရွာကြားသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PDF ​ချောက်က ယနေ့ (ဇူလိုင် ၂၁ရက်) ထုတ်ပြန်သည်။

ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ညီနောင်များဖြစ်သော ချောက်(ပကဖ)တပ်ဖွဲ့ဝင်များပူးပေါင်း၍ အိုင်ကြီးရွာနှင့် ဖလံမရွာကြားသို့ စစ်ကောင်စီတပ်ကို ယမန်နေ့(ဇူလိုင် ၂၀ရက်)တွင် မိုင်းဆွဲခဲ့ခြင်းဟု ဆိုသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများမိုင်းထိမှန်၍ ဒဏ်ရာရရှိသည်ကိုသာ သိရှိရသေးပြီးသေဆုံးသူရှိ၊မရှိကို အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်က မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အင်အား ၁၂၀ခန့်ပါ စစ်ကြောင်းတစ်ခုထပ်မံ၍ အင်အားတိုးလာသည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်းတိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်သဖြင့် ယခုရက်ပိုင်းအတွင်း ဆော – ဆိပ်ဖြူလမ်းပိုင်းကိုလည်း အသုံးမပြုရန်ဒေသကာကွယ်ရေးတပ်များက သတိပေးထားသည်။

ယခုလ ပထမပတ်ကစ၍ ဆိပ်ဖြူမြို့နယ်အတွင်း ကျေးရွာများကို စစ်​ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံပြည်သူ ၄၀၀ကျော်မှာ စစ်ဘေးရှောင်နေရသည်။

စစ်ကောင်စီတပ်က ဆိပ်ဖြူမြို့နယ် အခြေစိုက်(ကပစ ၂၁)၊ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း နှင့် ရွှေဘိုးကျွန်းရွာအခြေစိုက် (ကပစ ၂၂)တပ်များမှ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

Facebook