Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆော – ဆိပ်ဖြူလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ဒေသတွင်းတိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်သဖြင့် ယခုရက်ပိုင်းအတွင်း ဆော – ဆိပ်ဖြူလမ်းပိုင်းကိုလည်း အသုံးမပြုရန်ဒေသကာကွယ်ရေးတပ်များက သတိပေးထားသည်။

(စစ်ကောင်စီတပ်ကို မိုင်းဆွဲခဲ့သည့် နေရာအား တွေ့ရစဥ်။ဓာတ်ပုံ - PDF Chauk)
(စစ်ကောင်စီတပ်ကို မိုင်းဆွဲခဲ့သည့် နေရာအား တွေ့ရစဥ်။ဓာတ်ပုံ - PDF Chauk)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဆော – ဆိပ်ဖြူလမ်းပိုင်းပေါ်ရှိ အိုင်ကြီးရွာ နှင့် ဖလံမ​ကျေးရွာကြားသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PDF ​ချောက်က ယနေ့ (ဇူလိုင် ၂၁ရက်) ထုတ်ပြန်သည်။

ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ညီနောင်များဖြစ်သော ချောက်(ပကဖ)တပ်ဖွဲ့ဝင်များပူးပေါင်း၍ အိုင်ကြီးရွာနှင့် ဖလံမရွာကြားသို့ စစ်ကောင်စီတပ်ကို ယမန်နေ့(ဇူလိုင် ၂၀ရက်)တွင် မိုင်းဆွဲခဲ့ခြင်းဟု ဆိုသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများမိုင်းထိမှန်၍ ဒဏ်ရာရရှိသည်ကိုသာ သိရှိရသေးပြီးသေဆုံးသူရှိ၊မရှိကို အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်က မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အင်အား ၁၂၀ခန့်ပါ စစ်ကြောင်းတစ်ခုထပ်မံ၍ အင်အားတိုးလာသည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်းတိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်သဖြင့် ယခုရက်ပိုင်းအတွင်း ဆော – ဆိပ်ဖြူလမ်းပိုင်းကိုလည်း အသုံးမပြုရန်ဒေသကာကွယ်ရေးတပ်များက သတိပေးထားသည်။

ယခုလ ပထမပတ်ကစ၍ ဆိပ်ဖြူမြို့နယ်အတွင်း ကျေးရွာများကို စစ်​ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံပြည်သူ ၄၀၀ကျော်မှာ စစ်ဘေးရှောင်နေရသည်။

စစ်ကောင်စီတပ်က ဆိပ်ဖြူမြို့နယ် အခြေစိုက်(ကပစ ၂၁)၊ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း နှင့် ရွှေဘိုးကျွန်းရွာအခြေစိုက် (ကပစ ၂၂)တပ်များမှ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။